Translate

Showing posts with label Mobile News. Show all posts
Showing posts with label Mobile News. Show all posts

Tuesday, April 2, 2013

မော်ဟန်ဒေသတွင် GSM မိုဘိုင်းဖုန်းတပ်ဆင်ပေးရန် အစီအစဉ်မရှိသေး

Mobile News
မော်ဟန်ဒေသတွင် GSM မိုဘိုင်းဖုန်းတပ်ဆင်ပေးရန် အစီအစဉ်မရှိသေး
Sunday, 24 February 2013 23:36

မော်ဟန်ဒေသတွင် GSM မိုဘိုင်းတယ်လီဖုန်းတပ်ဆင်ပေးရန် အစီအစဉ်မရှိသေးကြောင်း ပထမအကြိမ် ပြည်သူ့လွတ်တော် ဆဌမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကျင်းပရာမှ သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နယ်၊ မော်ဟန်ကျေးရွာတွင် အိမ်ခြေ ၃၀၇ လုံးခန့်နှင့် လူဦးရေ ၂၅၅၂ ရှိကြောင်း ၂၈.၆.၂၀၀၉ မှ စတင်ကာ ဖွင့်လှစ်ပေးခဲ့သည့် လိုင်းအင်အား၂၆၀၀ ပါ မိုးညှင်း CDMA 450MHz မိုဘိုင်း ရေဒီယိုစခန်းမှနေ၍ CDMA 450MHz တယ်လီဖုန်းများကို အထိုင်ဖုန်း Fit Ter-minal နှင့် ပြင်ပအင်တာနာတို့ဖြင့် ဆက်သွယ်ပြောဆိုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ အဆိုပါကျေးရွာတွင် GSM မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ပေးရေးကို လတ်တလောအနေဖြင့် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မော်ဟန်ဒေသတွင် CDMA နှင့် GSM ဖုန်းများတပ်ဆင်ပေးရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းခြင်းနှင့်ပတ်သက်၍ ဒုတိယ၀န်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းများချထားပေးခြင်းကို ကုမ္ပဏီ ၄ ခုက ယှဉ်ပြိုင်ဆောင်ရွက်ခြင်းကို မကြာမီ အကောင်အထည်ဖော်တော့မည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ မကြာမီချထားပေးတော့မည့် မိုဘိုင်းဖုန်းများကို နယ်ဒေသများထက် ၀ယ်လိုအားများပြားမည့် အချက်အခြာမြို့ကြီးများတွင် ဦးစားပေး ချထားပေးမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်အထိ မိုဘိုင်းဖုန်းလိုင်း ချထားပေးပိုင်ခွင့်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အသွင်ပြောင်းလဲဖွဲ့စည်းထားသည့် Myanmar Public Telecom ကုမ္ပဏီနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့က အများဆုံး ချထားပေးခွင့်ရရှိမည်ဖြစ်သည်။ အခြား အော်ပရေတာနှစ်ခုအတွက် တင်ဒါခေါ်ယူထားကြောင်း သိရသည်။ အဆိုပါ အော်ပရေတာနှစ်ခုအနေဖြင့်လည်း တစ်နှစ်တာကာလအတွင်း မိုဘိုင်းဖုန်းလိုင်းတစ်သန်းကို ချထားခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။

Mobile News

Mobile News
Call Center မှလိုင်းခွဲအသစ်အချို့တိုးချဲ့ထား Print E-mail
Monday, 18 March 2013 22:34

Call Center ၏ ဖုန်းနံပါတ် 1875 တွင် လိုင်းခွဲအသစ်အချို့တိုးချဲ့ထားကြောင်း သိရသည်။ အလှအပရေးရာ အကြံပေးလိုင်းခွဲအပါအ၀င် လိုင်းခွဲအချို့အား တိုးချဲ့ထားခြင်းဖြစ်ပြီး အလှအပရေးရာအကြံပေး၊ ဥပဒေအကြံပေး၊ တိုင်းရင်းဆေး၊ အလုပ်အကိုင်ရှာဖွေရေးလိုင်းခွဲတို့ဖြစ်ကြောင်း သိရသည်။ ယခုနှစ်မှစတင်ကာ အလှအပရေးရာအကြံပေးလိုင်းခွဲများ၊ ဥပဒေအကြံပေးလိုင်းခွဲများကို တိုးချဲ့ခဲ့ခြင်းဖြစ်သည်။ အလှအပရေးရာနှင့်ပတ်သက်၍ ဖုန်း - 1875-1-1-3 သို့မနက် ၈နာရီမှ ညနေ ၆ နာရီအထိ စုံစမ်းမေးမြန်းနိုင်ပြီး အဆိုပါအလှအပရေးရာအကြံပြုလိုင်းခွဲတွင် ပြောကြားပေးသူများမှာ အလှဖန်တီးရှင် မိတ်ကပ်လင်းလင်းမှ အလှအပရေးရာ Skin Care နှင့် ၀က်ခြံဖြစ်ပေါ်ရခြင်းအကြောင်းများကို သင်ကြားပို့ချပေးထားသူများဖြစ်ကြောင်း Call Center မှ တာဝန်ရှိသူကပြောသည်။ ဥပဒေရေးရာနှင့်ပတ်သက်၍ 1875-1-6 သို့ မေးမြန်းနိုင်ပြီး ဥပဒေနှင့်ပတ်သက်သောသင်တန်းများကို ထပ်မံသင်ကြားပေးထားသူများ၊ ဥပဒေကျောင်းဆင်းများက ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။ ဥပဒေနှင့်သက်ဆိုင်သောကိစ္စအားလုံးကို မနက် ၈ နာရီမှ ညနေ ၅နာရီအထိ မေးမြန်းနိုင်ကြောင်းသိရသည်။ တိုင်းရင်းဆေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ 1875-1-1-2 သို့ မနက် ၈ နာရီမှ ည ၈နာရီအထိ ပြောကြားပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းဆေးကျောင်းမှ ဘွဲ့ရရှိထားသူများက ဖြေကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အလုပ်အကိုင်ရှာဖွေရေးနှင့် ပတ်သက်၍ 1875-1-3 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး အလုပ်လျှောက်ထားလိုသူများသည် မိမိ၏ကိုယ်ရေးရာဇ၀င်ကို 1875 သို့ ပေးပို့၍ လျှောက်ထားနိုင်မည်ဖြစ်သည်။ လုပ်ငန်းရှင်ဘက်မှ လိုအပ်မည့်ရာထူးကို 1875 သို့ ပြောကြား၍လည်း ၀န်ထမ်းများကိုရှာဖွေနိုင်မည်ဖြစ်ကြောင်း အင်တာဗျူးပြုလုပ်မည့်နေရာသို့ ၀န်ထမ်းများအား 1875 မှ တာဝန်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။ လုပ်ငန်းရှင်ဘက်မှ ခန့်အပ်ပေးသောဝန်ထမ်းများသည် တစ်လအတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် လုပ်ငန်းမှနုတ်ထွက်သွားပါက ၎င်းနုတ်ထွက်သွားသော ၀န်ထမ်းနေရာသို့ 1875 မှ ၀န်ဆောင်မှုတစ်ကြိမ် အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။