Translate

Sunday, July 14, 2013

Facebook Emoticons


အခုကျွန်တော် Facebook Emoticons အကြောင်းကိုပြောခြင်ပါတယ် အခု Phones တွေ
ထဲကလိုဘဲ emoticons ကို Computer ကနဲ့သုံးလိုရပါပြီ ဘယ်လိုလုပ်ရမလဲ ဆိုတာကတော့
အရမ်းလွယ်ပါတယ် Facebook ကိုဝင်ပြီးတော့ Chatting ကိုဖွင့်လိုက်ပါ ပြီးတော့ emoticons
ကလေးကို Click လိုက်ပါ။

ပြီးရင်တော့ အောက်ကပုံလေးလို ပေါလာပါလိပ်မည် ပြီးရင်တော့ ဘေးဘက်မှာ တောင်း ကလေး
ပုံကို Click လိုက်ပါ။

တောင်းကလေးပုံ ကို Click လိုက်ရင်တော့ အောက်ကပုံးလိုမြင်ပါလိမ်မည် Free ကိုသာ 
Click ပေးလိုက်ပါ ဒါဆို ရပြီ။

ပြီးရင်တော့ Chatting မှာ emoticons ကို Click လိုက်ရင်တော့ ရွှေစရာပေါလာပါလိမ်မည်
ကိုလိုခြင်တဲ့ emoticons ကို ရွှေပြီးတော့ ပိုလိုက်တော့။

Saturday, July 13, 2013

wallpaper

Android for wallpaper အလန်းလေးပါ


 

wallpaper အလန်းလေးပါ ခင်ဗျာ။ ပုံလေးအတိုင်းလေးပါပဲ ။ ပြောရတာညောင်းသွားပြီး ;p


အင်တာနက် Setting ထည့်နည်း

၁၅၀၀ တန် CDMA ဖုန်းများအတွက် အင်တာနက် Setting ထည့်နည်း

Myanmar Mobile App Store ကနေကူးယူဖော်ပြလိုက်ပါတယ်။ 1500 တန်ဖုန်းတွေမှာ အင်တာနက် Setting ထည့်သွင်းနည်းပါ။ မသိသေးသူများအတွက် ရည်ရွယ်ပါတယ်။ Android ဖုန်းတွေအတွက် Setting ချိန်နည်းဖြစ်ပါတယ်။ သိပြီးသားလူတွေအတွက်ကတော့ ကျော်သွားလိုက်ပေါ့နော်။ :D


Internet Setting ထည့်နည်း
၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel )
APN – #777
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mectel@c800.mm
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။
ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း
ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ
ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်
အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။

Computer Driver တွေကို့ Backup / Restore လုပ်မယ်

Computer Driver တွေကို အလွယ်ဆုံးနည်းနဲ့ Backup / Restore လုပ်မယ်



Computer တစ်လုံးမှာ Driver ဆိုတာအရေးအကြီးဆုံးပါ..Driver ဆိုတာ Windows စနစ်ကောင်းစွာအလုပ်
လုပ်ဖို့အတွက် Audio , Network , VGA , USB စတဲ့ စတဲ့ Hardware Device များကောင်းစွာအလုပ်လုပ်
နိုင်ဖို့အတွက် သက်ဆိုင်ရာများဖြစ်ကြပါတယ်..Windows တင်ပြီးတာနဲ့ Driver တွေတင်ရတယ်..မတင်ရင်
အသံ ... Wireless စတာတွေ သုံးမရဖြစ်တတ်ပါတယ်..ဒါကတော့ ကွန်ပျူတာတိုင်းမှာ..အခုမှစတင်လေ့လာ
နေသူများအဖို့ရှင်းပြတာဖြစ်ပါတယ်..ဟုတ်ပြီ..မိမိကအကြောင်းအမျိုးမျိုးကြောင့် ၀င်းဒိုစ့်အသစ်ပြန်တင်
ဖို့လိုလာပြီဆိုရင် အရင်ဆုံး နဂိုရှိထားပြီးသား Driver တွေကို Backup လုပ်ထားရပါမယ်..၀င်းဒိုစ်းတင်ပြီး
တာနဲ့ ပြန် Restore လုပ်လိုက်မယ်ဆိုရင် နဂိုမူလတင်ထားတဲ့ Driver တွေကိုပြန်လည်ရရှိမှာဖြစ်ပါတယ်

အခုတင်ပေးလိုက်တဲ့ Software ကတော့ အလွယ်ဆုံးနည်းနဲ့ Driver တွေကို Backup လုပ်နိုင်ပြီး Backup လုပ်ရာမှာ Zip ဖိုင်အနေနဲ့ မိမိကြိုက်တဲ့နေရာမှာ သိမ်းထားနိုင်ပါမယ်..၀င်းဒိုးပြန်တင်ပြီးတာနဲ့ Restore ကိုနှိပ်ပြီး သိမ်းထားတဲ့ zip ဖိုင်ကိုရွေးပေးလိုက်တာနဲ့ အလိုလို Restore ပြန်လုပ်သွားကာ မူလအတိုင်း
Driver တွေကိုပြန်လည်ရရှိပါလိမ့်မယ်..လွယ်လွယ်လေးပါ..Backup ဆွဲဖို့လိုအပ်တဲ့ Driver များကိုသာအမှန်ခြစ်လေးတွေပြထားပေးပါတယ် :)

Download=> Link 1 / Link 2

Wifi ပြန်လွှင့်နည်း

Windows 7 မှ Wifi ပြန်လွှင့်နည်း

ဒီတခါတော့ ကျွန်တော် Windows 7 ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။
Wifi ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့ တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။
ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။
ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win key + R ကိုတွဲနှိပ်လိုက်ပါ။



ပြီးရင်တော့ Run box မှာ services.msc လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆိုရင် Services windows ကျလာပါလိမ့်မယ်။
Services မှာ Internet connection sharing (ICS) ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် Start ဖြစ်နေလား မဖြစ်နေဘူးလား စစ်ကြည့်လိုက်ပါ။ မဖြစ်ဘူး၊ Disable ဖြစ်နေတယ်ဆိုရင်တော့ Internet connection sharing (ICS) ကို select ပေး၊ ညာဘက် ကလစ်နှိပ် Properties ကိုဖွင့်ပါ။
Properties မှာ Status type: မှာ Manual ထားလိုက်ပါ။ Disable ကလွဲရင် နှစ်သက်ရာကို ထားနိုင်ပါတယ်။ ပြီးရင်တော့ Ok နဲ့ ထွက်လိုက်ပါ။ ပြီးရင်တော့ Internet connection sharing (ICS) ကို ပြန်ပြီး select ပေး၊ ညာဘက် ကလစ်နှိပ် ပြီး Start လုပ်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Internet connection sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် Services Windwos ကို ပိတ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ။ ကွန်ပျူတာ Restart ပြီးသွားရင်တော့ Internet Connection Sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။
ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။
Run-Box ကျလာပြီဆိုရင် cmd လို့ ရိုက်ထည့်ကာ Enter လုပ်လိုက်ပါ သို့မဟုတ် OK ကို နှိပ်ပါ။
Command Prompt (CMD) ကျလာပြီိဆိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ပြုပြင်ရမယ့် နေရာတွင် အနီရောင်ဖြင့် ရေးသားပေးသွားမည် ဖြစ်ပါသည်။
netsh wlan set hostednetwork mode=allow ssid=”MySSID” key=”Mykey” keyUsage=persistent
MySSID နေရာမှာတော့ သင်နှစ်သက်ရာ နာမည်တစ်ခုခုကို ပြောင်းထည့်နိုင်ပါတယ်။
Mykey နေရာမှာတော့ လျှို့ဝှက်စကားလုံး တစ်ခုခုကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၈ လုံးရိုက်ထည့်ပေးရပါမယ်။
အောက်မှာ ကြည့်လိုက်ပါ။
ဒါကို Enter ခေါက်လိုက်မယ်ဆိုရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
ဒါပြီးရင်တော့ Network Sharing Center က Devices တွေမှာ သွားကြည့်လိုက်ပါ။ သွားကြည့်ရမယ့် လမ်းကြောင်းကတော့ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
ပုံမှာ အနီရောင်နဲ့ ပြထားတာကတော့ Microsoft Virtual Wifi ပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ Wireless Network Connection 2 ဆိုပြီး ပေါ်ပါတယ်။ သင့်မှာတော့ ဘယ်လိုပေါ်မလဲဆိုတာ မသိပေမယ့် အောက်ဆုံးက စာကြောင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Microsoft Virtual WiFi Miniport Adaptor ဆိုပြီး ပေါ်နေမှာ ဖြစ်ပါတယ်။ Not connected ဖြစ်နေတာကတော့ ကျွန်တော် Wifi ကို မဖွင့်ပေးရသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အဖွင့်အပိတ်ကို ဆက်ပြောပါ့မယ် ခင်ဗျာ။
ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
netsh wlan start hostednetwork

Computer Restart ဖြစ်သွားတာဖြစ်ဖြစ် ပိတ်ပြီး ပြန်ဖွင့်တာဖြစ်ဖြစ် netsh wlan start hostednetwork ကို ပြန်ရိုက်ပေးဖို့ လိုအပ်ပါတယ်။
ပိတ်ဖို့အတွက်ကတော့ start နေရာမှာ stop ကို ရေးရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
netsh wlan stop hostednetwork

ဒီလိုဆိုရင်တော့ ကွန်ယက် (Network) ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) တော့ ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ကို မျှဝေ (share) လုပ်ပေးဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအတွကိုတော့ ကျွန်တော်တို့ Control Panel ကနေ Network Connections ဆီကို အပေါ်မှာ သွားသကဲ့သို့ ထပ်သွားရပါဦးမယ်။ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
Wireless Network Connection က ကျွန်တော့် Laptop က မူရင်း Wireless adaptor ပဲ ဖြစ်ပါတယ်ပါ။ အောက်မှာတော့ သုံးထားတဲ့ Connection SSID ဖြစ်တဲ့ LawKaNat.Hotel ပါ။ ပြီးတော့ ဘေးနားမှာ Shared ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက Internet Connection Sharing လုပ်ထားတယ်ဆိုတာကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်။ အင်တာနက် ကွန်ယက်ချိတ်ဆက်မှု မျှဝေခြင်း (Internet Connection Sharing)အကြောင်း ဆက်ကြည့်ရအောင်ဗျာ။ ပထမဆုံးဆုံး အင်တာနက် ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ရှိနေတဲ့ မူရင်း adaptor ကို ညာဘက်ကလစ်လုပ်ပြီး Properties ထဲကိုဝင်ပါ။ Properties ထဲက မျှဝေခြင်း (Sharing) ကို ဆက်သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Allow other network users to connect through this computer’s Internet connection ဆိုတာကို Check ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Home networking connection: မှာ ပြထားတဲ့အတိုင်း ကလစ်လုပ်လိုက်ပါက Microsoft Virtual WiFi ဖြစ်တဲ့ Wireless Network Connection 2 ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ရွေးပေးပြီးရင်တော့ OK နဲ့ ထွက်လိုက်နိုင်ပါပြီ။ ဒီလိုဆိုရင် တစ်အိမ်လုံး Router သို့မဟုတ် Access Point ဝယ်စရာမလိုတော့ပဲ အင်တာနက် ကွန်ယက်ကို မျှဝေသုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။အားလုံးအဆင်ပြေကြပါစေခင်မျာ။

acer ကောင်းမူ့

Laptop ထဲက Data တွေကို wifi ကနေပြီး ဖုန်းပေါ်ကနေကြည့်ကြမယ်...

မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမဲ့ နည်းလမ်းလေးကတော့ wifi ကနေပြီး ကွန်ပျူတာထဲက data တွေကို ဖုန်းကနေ တိုက်ရိုက်ကြည့်လို့ရမဲ့နည်းလမ်းလေးပါ။ video တွေ နဲ့ photo တွေကို ပါ မြန်မြန်ဆန်ဆန်ဖွင့်ကြည့်လို့ရပါတယ်။ acer က အသုံးပြုခွင့်ပေးထားတဲ့ acercloud service ကို အသုံးပြုပြီး ကြည့်လို့ရရမဲ့နည်းလမ်းပါ။ ပြုလုပ်ပုံလေးကို မပြောခင် လိုမဲ့ data တွေကို အရင်းဆုံး ဒေါင်းလုပ် လုပ်လိုက်ပါခင်ဗျာ။
အရင်ဆုံး ဖော်ပြထားသော ဆိုက်လေးကို သွားပြီး acer id account လုပ်ပေးလိုက်ပါ။ ပြီးရင် ကိုထည့်ပေးလိုက်သော mail ထဲက ၀င်ပြီး activate လုပ်ပေးလိုက်ပါ။
အကောင့်ရပြီဆိုရင်တော့ အသုံးပြုလိုတဲ့ ဆော့ဝဲလ်များကို 
 
မှာ login ၀င်ပြီးဒေါင်းလို့ရပါတယ်ခင်ဗျာ။ ဒေါင်းရတာက နည်းနည်းခက်နေမှာဆိုးလို့ ကျွန်တော်ဒေါင်းပြီးသား ဆော့ဝဲလ်ကို upload ပြန်တင်ပေးထားပါတယ်။ 
 
Acer Cloud Installer for Pc

>> Download <<

Acer Cloud package for Android

>> Download <<
အကောင့်လည်းလုပ်ပြီး login လည်းဝင်ပြီး လိုအပ်တာတွေလည်းဒေါင်းပြီးသွားရင်ဆိုရင်တော့ အင်တာနက်ကိုဖွင့်ထားပြီး ကွန်ပျူတာ ထဲကို acer cloud installer ဆော့ဝဲလ်လေး installer လုပ်ပေးလိုက်ပါ။ လိုအပ်မဲ့ဖိုင် တွေကို ဆက်လက်ဒေါင်းပါလိမ့်မယ်ခင်ဗျာ Remote View အတွက်ကတော့ 48 MB လောက်ရှိပါတယ် နောက်တစ်ခုက Acer Docs က16 MB လောက်ပဲရှိပါတယ်။ ဒေါင်းပြီးသွားရင်တော့ မိမိရဲ့ စက်ထဲကို Installer လုပ်ပေးပါလိမ့်မယ် ပြီးသွားရင်တော့ Computerပေါ်Acer cloud ဆော့ဝဲလ်လေးကိုဖွင့်ပြီး  အကောင့်ကို  login ၀င်ပေးလိုက်ပါ။
 
 
အကောင့်ဝင်ပေးလိုက်ရင်တော့ အနည်းငယ်စောင့်ပြီး တတ်လာမှာဖြစ်ပါတယ်။
ပြထားသောအမှန်ကိုဖြည့်ပြီး next ဆက်သွားလုက်ပါ။ နောက်တစ်ခုပေါ်လာရင်လည်း next ဆက်သွားလိုက်ပါ။ 
နောက်တစ်ပုံတတ်လာရင်တော့ allow other device ကိုအမှတ်လေးပေးပြီး next ဆက်သွားလိုက်ပါ။
 
 
 
 
Next ဆက်နှိပ်ပါ့မယ်

next ပဲ နှိပ်စရာရှိတယ်နော်...:P
Finish နှိပ်လိုက်ပါ ။ ခဏစောင့်ပြီးရင် ကွန်ပျူတာအတွက် ပြင်ဆင်တာပြီးသွားပါပြီ။
နောက်အဆင့်အနေနဲ့ကတော့ဖုန်းကနေ အသုံးပြုရန်အတွက် acer cloud ဆော့ဝဲလ်လေးကို ဖုန်းထဲကို Install လုပ်လိုက်ပါ။
ပြီးသွားရင်တော့ wifi ကိုဖွင့်လိုက်ပါ။ ဖုန်းထဲက acer cloud ကိုဖွင့်ပါ။ ပြီးလျှင် I have an Acer id ကိုနှိပ်ပြီး မိမိတို့ ဆိုက်တွင်လုပ်ထားသော Acer Id ကိုထည့်ပြီး login ၀င်ပေးလိုက်ပါ။






နောက်ဆုံး အဲဒီပုံလေးပေါ်လာပြီဆိုရင်တော့ Remote files ဆိုတာလေးကိုနှိပ်လိုက်ပါ မိမိရဲ့ ကွန်ပျူတာနာမည်လေးပေါ်လာပြီဖြစ်ပါတယ် အဲဒီကွန်ပျူတာနာမည်ကိုနှိပ်ပြီး ကြည့်ရှု့လို့ရပါပြီခင်ဗျာ။

မိမိတို့ရဲ့ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ထားကြောင်းကိုလည်း acer cloud web ဆိုက်မှာ သွားကြည့်ရင်တွေ့နိုင်ပါတယ်ခင်ဗျာ။ အောက်ကပုံလေးကိုကြည့်လိုက်ပါ။
https://www1-c1910.cloud.acer.com/ops/devices

Viber သုံးရင် အ၀င်အထွက်အသံတွေမကြားဘူးဆိုသူများအတွက်

Huawei C8813 and C8813D တွေမှာ Viber သုံးရင် အ၀င်အထွက်အသံတွေမကြားဘူးဆိုသူများအတွက်

Huawei C8813 and C8813D တွေမှာ

 Viber သုံးရင် အ၀င်အထွက်အသံတွေမကြားဘူးဆိုသူများအတွက်

 နှစ်ဖက်စလုံးအသံကြားရတဲ့ viber ဆော့ဝဲလ်လေးပါ။

လိုချင်သူများ အောက်ကလင့်တွင် အားမနာတမ်းဒေါင်းနိုင်ပါပြီခင်ဗျာ..

Credit=> ကိုလတ်(ကျွဲဆင်)