Translate

Thursday, May 23, 2013

သိထားဖို့ပါ

ဖုန်းတစ်လုံး ရေထဲ ကျသွားတဲ့အခါ သိထားသင့်တဲ့ အချက်များ



ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။
 သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့်
 ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။



ပါဝါမဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲစိုစို ပါဝါလုံးဝမဖွင့်မိဖို့ အရေးကြီး
ပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့်
ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါတယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့
ဖြစ်တတ် လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစို
ဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင်အဆင်ပြေပါသေးတယ်။
---

Friday, May 17, 2013

လျှပ်စစ် ဖော်မြူလာ

လေ့လာထားသင့်သည် လျှပ်စစ် ဖော်မြူလာ
**************************

 
Current တို့ Ampere တို့ Volt တို့ ဆိုတာ အခြေခံပညာ အထက် တန်းလောက်တုန်းက Physicဘာသာရပ်ထဲမှာ သင်ခဲ့ရတာပါ။ ဒါပေမယ့် ဒိ voltage formula၊ current formula တွေကို လက်တွေ့နယ်ပယ်နဲ့ ဆက်စပ်ပြီး ဘယ်လို အသုံးချမလဲဆိုတာက စဉ်းစားကြည့်စရာပါ။ အထူးသဖြင့် IT သမားတစ်ယောက်အနေနဲ့ ဒီ Electronic အခြေခံ formula တွေ သိကိုသိထားရမှာပါ။

ဥပမာ ကိုယ့်ကွန်ပျူတာရဲ့ power supply က 500 Watt ရှိတယ်ဆိုပါတော့။ ကိုယ့်ရဲ့ အိမ်သုံးမီတာကလာတဲ့ မီအားသည် computer system ရဲ့ သုံးစွဲ အားကို လက်ခံနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါ။

သံသယအဆင့်နဲ့ ရပ်မနေပါနဲ့။ ရှင်းရှင်းလင်းလင်း သိအောင် ကြိုးစားပါ။ ဘယ်လိုကြိုးစားရမှာတုန်း။အရမ်းကို ခက်ခဲပါတယ်။ အဟီး။ ဒီဆောင်းပါးလေး ကို အစကနေ အဆုံး နားလည်တဲ့အထိ ဖတ်ပေးလိုက်ပါ။
အားလုံး အဆင်ပြေ လွယ်ကူသွားပါလိမ့်မည်။

ပထမဦးဆုံး voltage၊ Ampere နဲ့ Watt တို့အကြောင်း ကို ပြန်နွေး လိုက်ကြ ရအောင်။Ampere ဆိုတာက current ရဲ့ Unit ဖြစ်ပါတယ်။ Current ဆိုတာက ဓာတ်အားပေးစက်ရုံရဲ့ Transformar ကနေ အိမ်သုံး မီတာကြားမှာ စီးနေတဲ့ လျှပ်စီးကို ပြောတာ ဖြစ်ပါတယ်။ အဲဒီလျှပ်စီး အားတွေကို Transformaer ကနေ အိမ်သုံးမီတာ ဆီရောက်အောင် အားတစ်ခုနဲ့တွန်းပို့လိုက်ပါတယ်။ အဲဒီ တွန်းပို့လိုက်တဲ့အားကို Voltage လို့ခေါ်ပါတယ်။ သူ့ရဲ့ Unit ကတော့Volt(V)ပါ။ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ Volt အားသည် 220 Volt ရှိပါတယ်။ ဘာကြောင့် ဒါကို ပြောရ သလဲဆိုလျင် အချို့နိုင်ငံတွေမှာ 110 Volt သုံးနေလို့ပါပဲ။


ဒီအဆင့်မှာ Transformer က တွန်းပို့လိုက်တဲ့ လျှပ်စီးအားတွေဟာ အိမ်သုံးမီတာဆီကို ရောက်ရှိလာပါပြီ။ အိမ်သုံး မီတာကနေမှတဆင့် ကျွန်တော်တို့ သုံးစွဲလိုက်တဲ့ လျှပ်စီးအားတွေကို Watt လို့ခေါ်ပါတယ်။ကဲ အစကို ပြန်သွား လိုက်ရအောင် ကွန်ပျူတာရဲ့ power supply က 500 Watt သုံးမယ်။ အိမ်သုံးမီထာမှာvolt အားက 220 အပြည့် ရှိမယ်။ ကျွန်တော်တို့ Ampere ဘယ်လောက်သုံးနိုင်သလဲ။Watt ရယ်၊ Volt ရယ် Ampere ရယ် ဒီသုံးခုရဲ့ ဆက်သွယ်ချက် formula ရှိပါတယ် ။ အောက်မှာဖော်ပြထားပါတယ်။


Watts = Ampere x Volts


ဒီ formula ကနေ watts ကို တွက်ထုတ်နိုင်ပါယ်။ Ampere နဲ့ Volt ပေါင်း ကိုလည်း တွက်ထုတ်နိုင်ပါတယ်။

အပေါ်က formula ကိုသုံးပြီးတွက်လို့ရပါတယ်။ ညီမျှခြင်းကိုတော့ နည်းနည်း ပြောင်းရပါလိမ့်မယ်။ မူရင်းညီ မျှခြင်းက Watts သည် Ampere နဲ့ Volt ရဲ့ မြှောက်လဒ်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ Ampereကို လိုချင်တဲ့အခါ watts ကို voltage နဲ့ စားရပါလိမ့်မယ်။ ဒီအခါမှာ formula သည် watts/volts=Ampere ဆိုပြီး ဖြစ်သွား ပါလိမ့် မယ်။ ညီမျှခြင်းမှာ watt နဲ့ Ampere သည် တိုက်ရိုက် အချိုးကျပါတယ်။ Ampere နှင့်volts သည် ပြောင်းပြန် အချိုး ကျပါတယ်။


အဓိပ္ပါယ်က သုံးစွဲတဲ့ watt အားများလေလေ Ampere ဆွဲအား များလေလေ ဖြစ်ပြီးတော့ voltအားများလေလေ Ampere ဆွဲအား နည်းလေလေ ဖြစ်ပါတယ်။ရှုပ်သွားပြီလား။နောက်တစ်နည်း ပြန်ရှင်းပြပါမယ်။ ကိုယ်က watt နည်းနည်းပဲသုံးလျင် ampere နည်းနည်းပဲရှိမှာပါ။ မီတာမှာရှိနေတဲ့ volt အားနည်းနေပြီ ဆိုရင်တော့ Ampere ဆွဲအားများနေ မှာ ဖြစ်ပါတယ်။ အဲဒီတော့ Ampere တိုးလာမှာပေါ့။ ဒါဆို volt အားကျနေ ပြီဆိုလျင် Ampere များမယ်။ ကိုယ်သုံးစွဲလိုက်တဲ့ wattအားလည်း တက်လာမယ်။ ဒီတော့ volt အားကျနေတဲ့ အချိန်မှာ ကိုယ်သုံးတဲ့ watt အားကိုလည်း မလျှော့ဘဲသုံးနေတယ်ဆိုလျင် မီတာ ပိုတက်မှာပေါ့။


ဘာကြောင့် Ampere ကို အဓိကထားပြီး ရှင်းနေရတာလဲ။ ဒီလိုမေးရင် အဖြေရှိပါတယ်။ အိမ်သုံးမီတာသည် ပျမ်းမျှခြင်းအားဖြင့် 20 Ampere ထက်ပိုသော လျှပ်စီးအားကို ခံနိုင်ရည်မရှိလို့ပါ။ ကိုယ့်အိမ်မှာရှိတဲ့ ကွန်ပျူတာ အပါအ၀င် TV၊ ရေခဲသေတ္တာ အစရှိတဲ့ လျှပ်စစ်ပစ္စည်းပေါင်း စုံကနေ 20 Ampere ထက်ကျော်သုံး မိတယ်ဆို လျင်တော့ အဲဒီပစ္စည်း အတွက် မီးအားအပြည့်အ၀မရရှိမှုနဲ့ Short ဖြစ်ရင်ဖြစ်၊ အဲလိုမှ မဟုတ် လျင်တော့ မီတာလောင်ပြီလို့သာ သတ်မှတ်လိုက်ပါတော့။


ဥပမာ ပုစ္ဆာတပုဒ်တွက်ကြည့်ရအောင်။ အပေါ်ကပြောသလိုပဲ Power Supply 500 watt ရှိတဲ့ ကွန်ပျူတာ တစ်လုံး ဟာ volt အား 220 မှာ Ampere ဘယ်လောက်ဆွဲနိုင်သလဲဆိုတာ တွက်ကြည့်ကြရအောင်။ အပေါ်ကပြောင်းထား တဲ့ formula ကို ဖြန့်ချရေးကြည့်မယ်။ Ampere ကို လိုချင်လျင် Ampere =watt/volt ဆိုတော့ Ampere=500/ 220 (Ampere=2.27) 2.27 Ampere ရပါတယ်။ 20 Ampere ပြည့်ဖို့အများကြီး လိုနေသေးတာပဲဆိုပြီး ၀မ်းမသာ လိုက်ပါနဲ့ဦး။ဖြုန်းဆို မီးအားက ကျသွားပါလေရော။ မီတာမှာ ကြည့်လိုက်တော့ 180 volts တဲ့။ ပြန်တွက်ကြည့်ကြတာပေါ့လေ။


Ampere=watt/volt =500/180 =2.78


2.78 Ampere ကို ရောက်သွားပါရောလား။ ကိုသုံးလိုက်တဲ့ လျှပ်စစ်ပစ္စည်းပေါင်းစုံက Ampere ဆွဲအားသည် တွက်ကြည့်လိုက်လို့ 20 Ampere ထက်ကျော်နေပြီ ဆိုလျင်တော့ တစ်ခုခုကိုလျှော့ပစ်လိုက်ဖို့လိုအပ်ပါပြီ။ Internet ဆိုင်တစ်ခုမှာ အနည်းဆုံး သူ့မှာ ကွန်ပျူတာအရေအတွက် (၁၂)လုံးရှိတယ်ဆိုပါစို့။စက်တစ်လုံးကို 2.27A သုံးမယ်ဆိုလျင် စက်(၁၂)လုံးကို 27.24 Ampere ဖြစ်နေပြီလေ။

ကဲ ပြည့်စုံသလောက်လည်း ရှိပြီဆိုတော့ ဆောင်းပါးလဲ ဒီမှာ အဆုံးသတ်ပါပြီ။


 from sayar Zaw Lin(youth)
www.youth-it-technican.blogspot.com

facebook မှ Video ဖိုင်တွေကိုဘယ်လိုဒေါင်းမှာလဲ

free message

ဖုန်းတွေကို အင်တာနက်ကနေ မက်ဆေ့( SMS) ပို့ ချင်ရင်(မြန်မာ လည်းရ၏)


ဒါလေးကတော့ အင်တာနက်သုံးရင်းနဲ့ ဖုန်းတွေကို မက်ဆေ့ပို့ လို့ ရတဲံ ဆိုဒ်လေးပါ

အသုံးပြုပုံက  အဲ့ဆိုဒ်ကိုဖွင့်လိုက်၊ နိုင်ငံရွေး ၊ဖုန်းနံပတ်ရိုက်ပြီး အလွယ်တကူပို့ လို့ 

ရပါတယ် မြန်မာကိုလည်း ပို့ လို့ ရပါတယ် စာလုံးရေကန့် သတ်ချက် ၅၀၀ ရတယ်

Register လုပ်ရင်တော့ အထွက်မက်ဆေ့တွေ ပြန်ကြည့်လို့ ရပါကြောင်း.............။


ဒီလင့်ကိုနှိပ်ပြီးသွားပါ - http://www.freemasti.me/Compyter to Phone SMS

.

Window တင်နည်း

USB Stick နဲ့ Window 7 တင်နည်း


Window 7 ကို ကျနော်တို USB Stick ကနေတင်တဲ့နည်းလေးပါ။အခွေနဲတင်တာနဲ USB Stick တင်တာဘာကွာလဲဆိုတော့ USB Stick နဲတင်တာက ပိုပြီး အလုပ်မြန်မြန်ပြီးပါတယ်။နောက်ပြီး ကွန်ပျုတာက DVD Rom ကိုလည်း သက်သာစေပါတယ်။တစ်ချို ROM မရှိတဲ့ စက်တွေကို စတစ် နဲတင်လိုရပါတယ်။ကျနော်ကိုယ်တိုင်တင်တာ ဆယ့်ငါးမိနစ်ပဲကြာပါတယ်။
စတစ်မှာတင်ဖိုအတွက် ကျနော်တို လိုအပ်တာတွေကတော့

USB Stick 4GB အလွတ်တစ်ခု
Window 7 ISO ဖိုင်
Window 7 USB Tool လေးပါ။
Windows 7 USB Tool
ဆော့ဝဲကိုအင်စတောလုပ်လိုက်ပါ။အားလုံးပြီးသွားရင် Desktop မှာ Icon လေးပေါ်လာပါလိမ်မယ်။
အဲ့ ကောင်လေးကို Click လုပ်ပြီး ဖွင့်လိုက်ပါ။
Windows 7 USB TOol ISO select
ကျနော်တို Window 7 ISO ဖိုင်ရှိတဲ့နေရာကိုရွေးပေးလိုက်ပါ
ကျနော်တိုက ဒီနေရာမှာ USB Device ကိုရွေးပေးလိုက်ပါ။DVD နဲ ဘမ်းမယ်ဆိုလည်းရပါဒယ်။
နောက်တစ်ဆင့်မသွားခင်ကျနော်တို USB Stick အလွတ်လေးကို ကွန်ပျုတာမှာ ထိုးထားလိုက်ပါ။
အခုဆို ကျနော် Stick နာမည်လေးနဲတပ်လာပါပြီ။ဒီလိုပြနေရင် Begin Copying လုပ်လိုက်ပါ။ 100% ပြည့်သွားတဲ့အထိစောင့်နေလိုက်ပါ။
100% ပြည့်သွားပြီဆို Run နေတဲ့ ဆော့ဝဲလေးကိုပိတ်လိုက်ပါ။
My Computer ထဲကိုသွားကြည့်လိုက်ပါ။
အဲ့လိုလေးပေါ်နေပါလိမ်မယ်။ဒီလိုဆိုကျနော်တို Stick ထဲဝင်လိုက်ပါ။
Windows 7 USB Drive Version Tweak
အပေါ်မှာပြထားတဲ့လမ်းကြောင်းအတိုင်းသွားပြီးတော့ "ei.cfg" ဖိုင်လေးကို Delete လုပ်လိုက်ပါ။
ဒီလိုဆိုကျနော်တို Window 7 ကို USB စတစ်နဲ တင်လိုရပါပြီ။ကိုယ်တင်မယ်ကွန်ပျုတာမှာ 
Boot Option ကို USB လိုရွေးပြီး ၀င်းဒိုးတင်နိုင်ပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ.............................
Downloading From dropbox
Downloading From mediafire

Hardware

Nokia Hardware Picture Help



Nokia Hardware Picture Collection စုစည်းမှုဖြစ်ပါတယ် JPEG ဖိုင်းလေးတွေပဲစုစည်းထားပါတယ်






Download

ziddu

Knowledge

SIM Card အကြောင်း သိကောင်းစရာ


SIM Card အကြောင်း သိကောင်းစရာ

SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriberတွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI)တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module)ရဲ့အတိုကောက်ပါ။ လွယ်လွယ်ကူကူသယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM(GlobalSystem forMobile Communications)network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။ SIM Card တွေကိုH1,H2,H3,H4 ဆိုပြီးအမျိုးအစားလေးမျိုးခွဲခြားထား ပါတယ်။

H1=NormalNetwork H2=BetterNetwork,Means Strong H3=More BetterNetwork,Means Stronger H4=Normal,Better,More BetterIs Nothing In Front OF This Sim

များသောအားဖြင့်တော့ H4SIMတွေကိုအဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်းကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIMတွေထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ဖြစ်ပါတယ်။ ကိုယ်ဘယ်SIM card အမျိုးအစားကိုအသုံးပြုနေသလဲ သိချင်ရင်SIM card ရဲ့ ကျောဘက်မှာပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။ SIM card အရွယ်အစားအမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ်micro-SIM cardတွေကိုအသုံးပြုပါတယ်။mini-SIM ရဲ့အရွယ်အစားက25mm x15 mm ရှိပြီး micro-SIM ကတော့15 mm x 12mm ရှိပါတယ်။card အရွယ်အစားအားလုံးဟာ 0.76 mm အထူရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာပါဝင်တဲ့ microchip က အရွယ်အစားနဲ့လုပ်ဆောင်ပုံအတူတူပဲဖြစ်တဲ့အတွက် အရွယ်အစားသေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာတပ်ဆင်ရင်) card အကြီးသုံးတဲ့ ဖုန်းတွေမှာပါသုံးစွဲနိုင်ပါတယ်။ SIM cardတွေမှာ User ရဲ့အချက်အလက်တွေနဲ့ call log တွေ ဖုန်းအ၀င်အထွက်မှတ်တမ်းတွေကိုတခြားသူတွေမသိရှိနိုင်စေမယ့် လုံခြုံရေးအစီအမံတစ်ရပ်လည်းပါဝင်ပါတယ်။SIM card ကိုlock ချထားနိုင်ပြီး PIN လို့ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင်ကိုယ့်ဖုန်းအခိုးခံရရင်တောင်PIN ကိုမသိဘဲ SIM card ကိုအသုံးပြုနိုင်မှာ မဟုတ်သလို(SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း ရယူနိုင်မှာမဟုတ်ပါဘူး။

Knowledge

SIM Card အကြောင်း သိကောင်းစရာ


SIM Card အကြောင်း သိကောင်းစရာ

SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriberတွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI)တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module)ရဲ့အတိုကောက်ပါ။ လွယ်လွယ်ကူကူသယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM(GlobalSystem forMobile Communications)network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။ SIM Card တွေကိုH1,H2,H3,H4 ဆိုပြီးအမျိုးအစားလေးမျိုးခွဲခြားထား ပါတယ်။

H1=NormalNetwork H2=BetterNetwork,Means Strong H3=More BetterNetwork,Means Stronger H4=Normal,Better,More BetterIs Nothing In Front OF This Sim

များသောအားဖြင့်တော့ H4SIMတွေကိုအဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်းကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIMတွေထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ဖြစ်ပါတယ်။ ကိုယ်ဘယ်SIM card အမျိုးအစားကိုအသုံးပြုနေသလဲ သိချင်ရင်SIM card ရဲ့ ကျောဘက်မှာပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။ SIM card အရွယ်အစားအမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ်micro-SIM cardတွေကိုအသုံးပြုပါတယ်။mini-SIM ရဲ့အရွယ်အစားက25mm x15 mm ရှိပြီး micro-SIM ကတော့15 mm x 12mm ရှိပါတယ်။card အရွယ်အစားအားလုံးဟာ 0.76 mm အထူရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာပါဝင်တဲ့ microchip က အရွယ်အစားနဲ့လုပ်ဆောင်ပုံအတူတူပဲဖြစ်တဲ့အတွက် အရွယ်အစားသေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာတပ်ဆင်ရင်) card အကြီးသုံးတဲ့ ဖုန်းတွေမှာပါသုံးစွဲနိုင်ပါတယ်။ SIM cardတွေမှာ User ရဲ့အချက်အလက်တွေနဲ့ call log တွေ ဖုန်းအ၀င်အထွက်မှတ်တမ်းတွေကိုတခြားသူတွေမသိရှိနိုင်စေမယ့် လုံခြုံရေးအစီအမံတစ်ရပ်လည်းပါဝင်ပါတယ်။SIM card ကိုlock ချထားနိုင်ပြီး PIN လို့ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင်ကိုယ့်ဖုန်းအခိုးခံရရင်တောင်PIN ကိုမသိဘဲ SIM card ကိုအသုံးပြုနိုင်မှာ မဟုတ်သလို(SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း ရယူနိုင်မှာမဟုတ်ပါဘူး။

Thursday, May 16, 2013

Alcohol ဆိုလိုအရက်လို့မထင်နဲ့နော်

Alcohol 120% 2.0.2.3929 Full


mr thawka : DVD burn ရင်password ပေးလို့ရတဲ့ဆော့ဝဲ သူများတွေပြန်ဘန်းလို့မရအောင်လုပ် တဲ့ဆော့ဝဲလေးဥပမာ alchol burning software လို့တော့ပြောတာကြားဖူးတယ်အကို လိုင်စင်လေးပါရင်ပိုကောင်းပါတယ်လင့်ခ်လေးဘဲဖြစ်ဖြစ် ကျတော့မေးလ်ထဲကိုပြန်ပို့ခိုင်းတာစိတ်တော့မရှိပါနဲ့ ကျတော်ကလိုင်းပေါ်သိပ်မတက်ဖြစ်လို့ပါ အကို့ဆိုက်ထဲမှာဝင်ရှာပြီးသွားပြီမရှိလို့အကိုဆီမေးလ်ပို့ အကူအညီတောင်းလိုက်
တာပါအကို

တောင်းထားတဲ့  mr thawka အပါအ၀င် လိုချင်သူများအတွက် တင်ပေးလိုက်ပါပြီ....
Crack ထဲက MSIMG32.dll ဖိုင်ကို ကော်ပီကူးပြီး Install Directory ထဲမှာ Paste ချပေးပါ.. Replace လုပ်ပါ...




Key features and characteristics of Alcohol 120%
• Supported platforms: Windows XP/2003/Vista/Windows 7.
• Can handle up to 31 virtual CD and DVD-ROM drive!
• You can use several programs to work with a CD or DVD simultaneously.
• Speed Reading virtual disk in a virtual drive 200x.

Reads the disk-image files in the following formats:
• Native format Media Descriptor Image (mds);
• CloneCD Image (ccd / img / sub) (only for CD)
• CDR WIN Image (cue / bin) (Available for a CD with only one session, can not maintain sub-channeld data);
• Standard ISO Image (iso) (Available for a CD with only one track, can not maintain sub-channeld data);
• Supports CD, DVD and CD RAW sub-channel reading methods.
> > RAW reading method enables you to copy any disc.
> > Methods for recording CD: Disc-At-Once/Session-At-Once, RAW Session-At-Once, RAW Session-At-Once + SUB, RAW Disc-At-Once, PQ / RW with the full support of sub-code.

Supports the following file formats disk images to emulate and record:
• Media Descriptor Image (mds),
• CloneCD Image (ccd / img / sub),
• CDRWIN Image (cue / bin),
• NERO Image (nrg),
• Standard ISO Image (iso),
• BlindSuite image (bwt / bwi / bws),
• DiscJuggler image (cdi).

အဆင်ပြေပါစေ..

မောင်ပေါက်


Setup Download : 10.2 MB

Crack Download : 

Zealot Rooting Tool

All In One Zealot Rooting Tool




Android ဖုန်းအမျိုးအစား တော်တော်များများကို အလွယ်တစ်ကု Root လုပ်ပေးနိုင်တဲ့ Software လေးဖြစ်
ပါတယ်...Root လုပ်နိုင်တဲ့ အမျိုးအစားများကိုအောက်မှာဖော်ပြပေးထားပါတယ်...Download ရယူနိုင်ကြပါပြီ

Download=> Link 1 / Link2

Samsung Galaxy S2 [GT-i9100/i9100P/i9100T]
Samsung Galaxy S II for T-Mobile (SGH-T989)
Samsung Galaxy S II for AT&T (SGH-I777), Skyrocket (SGH-i727)
Samsung Galaxy S II LTE Rogers Canada (SGH-I727R), Android version 2.3.5, Baseband version I727RUXKJ7
Samsung Galaxy S II Epic 4g Touch
Samsung Galaxy S2 HD LTE (SHV-E120S)(korea)
Samsung Galaxy S2 LTE (SHV-E110S)
Samsung Galaxy S2 LTE Japanese version (carrier DoCoMo) [SC-03D] (2.3.6) {OMKK3}
Samsung Galaxy i9100G
Samsung Galaxy S [i9000B] & [i9000 2.3.3 (PDA I9000BOJV8, Phone I9000XXJVO, CSC I9000GDTMJV7) and german T-Mobile branding], XWJVW (2.3.6)
Samsung Galaxy S 4G (aka SGH-T959V)
Samsung Galaxy S Plus (GT-I9001) OS 2.3.3 and 2.3.6 (I9001ZSKP6) & 2.3.4 firmware (i9001XXKP4)
Samsung Galaxy Mini GT-S5570 (GB only)
Samsung Galaxy Mini Pro i5510
Samsung Galaxy W [i8150]
Samsung Galaxy Y
Samsung Galaxy Y pro [B5510] (2.3.5)
Samsung Galaxy Tab [P1000] (2.3.3 firmware), [P1000N]
Samsung Galaxy Note [N7000]
Samsung Galaxy Player YP-G70 2.3.5 (GINGERBREAD.XXKPF)
Samsung Galaxy Ace (2.3.3, 2.3.4 firmware)
Samsung S5670 FIT DDKQ5 2.3.5
Samsung Nexus S [i9023] (2.3.6)
Samsung Nexus S 4G 2.3.7
Samsung Galaxy Nexus S [i9020] (2.3.6) & Nexus S i9020A (2.3.6)
Samsung Exhibit (SGH-T759)
Samsung Exhibit 4G (SGH-T759) (2.3.3) Build UVKE8
Samsung Epic 4G
Samsung Captivate i897 UCKH3

Sony Xperia X10 (GB firmware)
Sony Xperia Arc
Sony Xperia Arc S
Sony Xperia Play [R800i/R800x]
Sony Xperia Ray
Sony Xperia Neo
Sony Xperia Neo V
Sony Xperia Mini
Sony Xperia Mini S51SE
Sony Xperia Mini Pro
Sony Xperia Pro
Sony Xperia Active
Sony Xperia Live Walkman

NTT Docomo Xperia ARCO SO-02C

Motorola ATRIX
Motorola Milestone 3 [ME863 HK]
Motorola Milestone 2 with Gingerbread
Motorola XT860, Bell XT860
Motorola Defy+
Motorola Droid X sys ver 4.5.605 w/ gingerbread
Motorola Droid X2 (2.3.4) Sys ver 1.3.380.MB870.Verizon.en.US Build 4.5.1A-DTN-150-30
Motorola XT883 (China Telecom)
Motorola XT862 (Verizon Droid3)
Motorola DROID RAZR

Nexus One (2.3.6 stock)

LG Revolution
LG Nitro HD

Vizio VTAB1008 Tablet

Huawei Ideos U8150 (2.2)
Huawei Ideos X5 [U8800] (2.3.5)

HTC Sensation (S-OFF only)
HTC Raider (Rogers)
HTC Chacha
Acer Liquid Mini (2.3.5)
Acer Liquid Metal (2.3.6) များအတွက် Rootပြုလုပ်လို့ရပါတယ် ။

Tuesday, May 14, 2013

Storm

                               MAHASEN STORM NEWS

မဟာစင် မုန်တိုင်းအား web ဆိုက်များမှတစ်ဆင့် ကြည့်ရူရာသတင်းပေးပုံခြင်း ကွဲပြားနေပါသည်။ထိုwebများအား ref: ပြီးသတင်းပေးရလျှင် ထိုမုန်တိုင်းသည်
အ၀ါရောင် အဆင့်မှ လိမ္မော်ရောင် အဆင့်သို့ ပြောင်းသည်။အခုပြောင်းသည်။
ခနနေမှပြောင်းမည်။ပြောင်းခြင်မှလဲပြောင်းတော့မည်။အလားတူပဲ မုန်တိုင်းသည်
လည်း အခုဝင်မည်။ခနနေမှဝင်မည်။ဝင်ခြင်မှလဲ ၀င်တော့မည်ဖြစ်ပါသည်။

Monday, May 13, 2013

သူများနဲ့မတူအောင်

Computer mouse မှာ Right Click ထောက်လိုက်ပြီ အပုံလေးနဲ့ လန်ခြင်သူများအတွက်




ကလိချင်သောသူငယ်ချင်းများအတွက်ပေါ့နော်
Computer mouse မှာ Right Click ထောက်လိုက်လို့ပုံလေးနဲ့ထားချင်ရင် သူငယ်ချင်းများအတွက်  အောက်ကနေဒေါင်းယူလိုက်ပါ


ဒေါင်းလုပ်ဆွဲရန် 

ဆေးမှင်ကြောင်

                                              ဆေးမှင်ကြောင်Tatooထိုးသူများ

  နည်းပညာမှတ်စုဆိုတဲ့ Tile နဲ့တော့ဘယ်လိုမှမပတ်သက်ပါဘူး။ အပြုသဘောဆောင်ရေးသားခြင်း သာဖြစ်ပါသည်။Media သည်လူတို့၏စိတ်ကို သိသိသာသာကော မသိမသာပါလွမ်းမိုးလေ့ရှိပါသည်။မင်းသားမင်းသမီး Tatoo ထိုးကျသည်။လူငယ်များအားကျလိုက်ထိုးကြသည်။သို့သော်ထို့သို Tatoo ထိုးရာတွင် ကောင်းကျိုး ဆိုးကျိုးကို
ပြန်လည်တွက်ဆကြည့်ကြပါစို့။ ကောင်းကျိုးကတော့ကျနော်လဲမထိုးဖူးတော့မသိပါ။ဆိုးကျိုးကတော့ လူငယ်
များထို Tatoo အားထိုးပြီးလျှင် အချို့သော အသက်မွေးဝမ်းကျောင်း university တစ်ခုခုမှလက်မခံခြင်း၊သွေးမှ
တဆင့်ကူးစက်သောရောဂါမှ 100% စိတ်မချရခြင်း ၊ လူကြီးသူမ ဆရာဆရာမများရှေတွင် ကိုယ့်ကိုကိုယ်ယုံ
ကြည်မူ့လျော့ကျစေခြင်း။ငယ်ရွယ်သောစိတ်တွင် ထို Tatoo အားအလိုရှိနေသော်လည်း အသက်အရွယ်အ
ပြောင်းအလှဲတစ်ခုတွင်အလိုမရှိတော့ပါက စိတ်ပျက်ရခြင်း အစ အစ ရှိသောပြသနာလေးများရှိတတ်ပါသည်။အရင်လက ကောလင်းပြန်တော့ လူငယ်အချိုလက်များတွင် ထို
အရုပ်များမြင်လာရသောကြောင့် အပြုသဘောဆောင်ရေးသားခြင်းသာဖြစ်ပါသည်။
                    
                                                                                                                                by soeminthu(perfect).

Brain Game

Rat Fishing 1.0.7

ကြွက်ကလေးတွေကို အစာနဲ့မျှားပြီးတော့ ပြုတ်ကျအောင်ဆော့ရတဲ့ ဂိမ်းလေးပါ။



တဖြည်းဖြည်းနဲ့ ခက်ခက်လာမှာပါ။ အစာရဲ့အငွေ့နဲ့ မျှားပြီး ထောင်ခြောက်ဆင်မှာဆိုတော့ အစာဘယ်နေရာကိုချမလဲ ဆိုတာက အရေးကြီးပါတယ်။
သူ့ရဲ့ ဂိမ်းတည်ဆောက်ပုံက Angry Birds နဲ့ နည်းနည်း ဆင်သလိုပါပဲ။

ကဲ ကြွက်ကလေးတွေကို မျှားတဲ့ ဒီဂိမ်းလေး လိုချင်တယ်ဆိုရင်တော့ အောက်က click here to download ကနေ ဒေါင်းလို့ရပါတယ်။ Android Version 2.2 နဲ့ အထက်ဆို ဆော့လို့အဆင်ပြေမှာပါ။ apk ဖိုင်ဆိုက်ဒ်က 17.6 MB ပါ။

အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ ...

Asphalt 7

Asphalt 7: Heat v1.0.1


Asphalt 7 ကို ဆော့တော့ဆော့ချင်ပါရဲ့ ... ဒါပေမယ့် Data ဖိုင်က1GB လောက်ဆိုတော့ ဆွဲဖို့ အဆင်မပြေတဲ့သူတွေအတွက် 5 ပိုင်းခွဲပြီး တင်ပေးလိုက်ပါတယ်။ ဖိုင်တစ်ဖိုင်ကို 195 MB လောက်တော့ ရှိတယ်။ နည်းနည်းစိတ်ရှည်ရှည်လေး ဒေါင်းပေးလိုက်ပါနော်။


 
 
 
 
 Instruction
=======
  1. APK ဖိုင်ကို အရင် Install လုပ်ပါ။
  2. 'com.gameloft.android.ANMP.GloftA7HM' folder ကို 'sdcard/Android/Obb/' ထဲကို ကူးထည့်ပါ။
  3. RAR ထဲမှာရှိတဲ့ဖိုင်နှစ်ဖိုင်ကို Titaniumbackup folder ထဲကိုကူးထည့်ပြီးတော့ ဒေတာတွေကို Restore လုပ်ပါ။ Download TB v1.0.1 
  4. ပြီးရင် Game ကို Run လိုက်ပါ။

အလန်းစားဆိုင်ကယ်ဂိမ်း

DUCATI CHALLENGE v1.06


အပြင်မှာတကယ်မောင်းနေသလိုခံစားရမယ့် ဆိုင်ကယ်မောင်းတဲ့ ဂိမ်းအလန်းစားလေး ဆော့ရအောင် ...


 
 Android Version 2.3 အထက်လိုပါတယ်

peed Car II

peed Car II [Ads-Free] v1.0.0


ကားမောင်းတဲ့ ဂိမ်းတွေကို ကြိုက်နှစ်သက်တဲ့ သူငယ်ချင်းများအတွက် နောက်ထပ် ကားမောင်းတဲ့ ဂိမ်းလေးတစ်ခုပါ။ တစ်ပွဲပြီးတစ်ပွဲနိုင်လို့ရှိရင် နောက်ထပ်ကားအသစ်တွေ ထပ်ပေါ်လာမယ်။ စစချင်း ရွေးချယ်ဖို့ ကား ၅စီး ပေးထားပါတယ်။


>> Download << (5.36 MB)

Championship

Championship Rally 2012 v1.1


Championship Rally 2012 ဆိုတဲ့ ဂိမ်းလေးပါ။ အရမ်းဆော့လို့ကောင်းပါတယ်။ ပြိုင်ကားမောင်းတဲ့ ဂိမ်းလေးတွေ နှစ်ခြိုက်တဲ့ သူငယ်ချင်းများအတွက်ပါ။
  

>> Download Championship Rally 2012 v1.1 << (9.37 MB)

မြန်မာ့ရတနာဘဏ်

မွေး/ရေဘဏ်အား မြန်မာ့ရတနာဘဏ် လီမိတက် နာမည်သစ်သို့ ပြောင်းလဲမည်


မူလ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်အား မြန်မာ့ရတနာ ဘဏ်လီမိတက်(Treasure Bank of Myanmar Ltd) အမည်သစ်သို့ ပြောင်းလဲမည် ဖြစ်ကြောင်း မေ(၅)ရက်၊ မွန်းလွဲ(၁)နာရီတွင် ကျင်းပသော အဆိုပါ ဘဏ်၏ ဒါရိုက်တာအဖွဲ့၏ စုံညီအစည်းအဝေး (၁၂/၂၀၁၂-၂၀၁၃) တွင် သဘောတူ ဆုံးဖြတ် လိုက်ကြောင်း သိရသည်။


မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဘဏ်ကို (၁၉၉၆)ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့စွဲပါ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက် လိုင်စင် အမှတ်မဗဘ/ပီ-၁၅/(၂) ၉၆ဖြင့် စတင်ဖွဲ့စည်းခဲ့ ကြောင်း၊ထိုအချိန်အခါက ဘဏ်၏ မတည်ငွေရင်းတွင် ကျပ်သန်းပေါင်း(၂၀၀၀) သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံတော်၊ ဗဟိုဘဏ်၏ ဝန်ထမ်း သက်သာ ရန်ပုံငွေမှ ငွေကျပ် သန်းပေါင်း (၁၀၀၀)ကို ခေတ္တ ချေးငှား မတည်ခဲ့ကြောင်း၊ အဆိုပါငွေတွေကို (၂၀၀၄)ခုနှစ် ဧပြီလ တွင် အရင်းရော/ အတိုးပါ အပြေအကျေ ပြန်လည်ပေးဆပ်ခဲ့ပြီး ဖြစ်ကာ အများပိုင်ဘဏ် (Public Bank Ltd)အဖြစ် ရပ်တည် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘဏ် စတင်ဖွင့် လှစ်စဉ်တွင် ရန်ကုန်ရုံးချုပ်နှင့် ဘဏ်ခွဲ(၃)ခုသာ ရှိခဲ့သော်လည်း ယခုနှစ် မေ(၅)ရက်တွင် ရန်ကုန်ရုံးချုပ် အပါအဝင် ဘဏ်ပေါင်း(၆၀) တိတိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဆက်လက် တိုးချဲ့ ဖွင့်လှစ်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း(၂၀၁၂- ၂၀၁၃) ဘဏ္ဍာရေးနှစ်တွင် ဘဏ်၌ အပ်ငွေ အမျိုးအစား အလိုက် ကျပ်သန်း ပေါင်း (၃၆၇၅.၃၈) ရှိနေပြီဖြစ်ကြောင်း မေလ (၇) ရက်နေ့ထုတ် နေ့စဉ် သတင်းစာများတွင် အဆိုပါ ဘဏ်၏ ကြေညာချက် အရ သိရသည်။

မုန်တိုင်းသတင်း

                     Mahasen မုန်တိုင်းသတင်း

မဟာစင် မုန်တိုင်းသတင်း၏ ထူးခြားမူကို ယခုရက်ပိုင်းအတွင်းတောက်လျောက်ဖော်ပြပေးသွားပါမည်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကမ်းခြေများသို့ မေ ၁၆ ရက် ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထား

AddThis Social Bookmark Button
5.13.7
မုန်တိုင်းသက်ရောက်ရာပြ မြေပုံအား www.wunderground.com ၌မေ ၁၄ ရက်  မြန်မာစံတော်ချိန် နံနက် ၁း၀၀ နာရီခန့်က ဖော်ပြထားစဉ်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် ရခိုင်ကမ်းရိုးတန်း ဒေသနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကမ်းခြေ ဒေသများကို မေ ၁၆ ရက် ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေ ၁၃ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၆၀ ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၆၀၀ ခန့်၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကာ ဆိုင်ကလုန်း၏ ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ အထိ ရှိနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေ ၁၃ ရက် ညပိုင်းက ထုတ်ပြန်သည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် မေ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ပိုမိုအားကောင်း လာနိုင်သည်ဟုလည်း နိုင်ငံတကာ မိုးလေ၀သနှင့် ရာသီဥတု၊ သဘာဝဘေးဆိုင်ရာ ခန့်မှန်းရေးဆိုင်ရာ ၀က်ဘ်ဆိုက်များက ဖော်ပြပြီး အဓိက သက်ရောက်ရာ ဒေသတွင် မြန်မာနိုင်ငံမှ ချင်းပြည်နယ် ပါဝင်သည်ဟုလည်း ခန့်မှန်းမှုများ ပေါ်ထွက်လာသည်။
ကမ္ဘာတစ်ဝန်း သဘာဝဘေးနှင့် ခန့်မှန်းချက်ဆိုင်ရာများ ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင် မေ ၁၂ ရက်ညပိုင်းနှင့် မေ ၁၃ ရက် နံနက်ပိုင်းအထိ အဓိက သက်ရောက်နိုင်ခြေရှိသော ဒေသများကို ဖော်ပြမှုတွင် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း၊ အိန္ဒိယနိုင်ငံမှ မီဇိုရမ်၊ မဏိပူရ်တို့ ပါဝင်နေသော်လည်း မေ ၁၃ ရက် ညပိုင်းဖော်ပြမှုတွင်မူ မြန်မာနိုင်ငံမှ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်း၊ အိန္ဒိယနိုင်ငံမှ မီဇိုရမ်နိုင်ငံတို့ကိုသာ ထုတ်ပြန်ဖော်ပြထားသည်။
မဟာစင်သည် အမြင့်ဆုံး လေတိုက်နှုန်း ၈၁ မိုင် ၀န်းကျင်ရှိ category 1 အဆင့်ဖြင့် ကမ်းရိုးတန်းသို့ ၀င်ရောက်ပါက သက်ရောက်နိုင်သော လူဦးရေမှာ ၆ ဒသမ ၇ သန်း ဖြစ်သည်ဟု ဆိုထားသည်။ ဆိုင်ကလုန်း၏ ပြင်းအားပေါ်မူတည်ကာ လူဦးရေ ၆ ဒသမ ၇ သန်းခန့် ထိခိုက်နိုင်သည်ဟု ဆိုရာ၌ လူဦးရေ ၁ ဒသမ ၅ သန်းခန့်မှာ ကမ်းရိုးတန်းဒေသ နေသူများဖြစ်သည့်အတွက် မုန်တိုင်းဒီရေဒဏ်ကို သက်ရောက်ခံစားရနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။
ဆိုင်ကလုန်း မဟာစင်၏ ဦးတည်ရာ လမ်းကြောင်း ခန့်မှန်းမှုသည် စတင်ဖြစ်ပေါ်သည့်ရက်မှ ရက်အလိုက် ပြောင်းလဲမှု ရှိလာခဲ့ပြီး မေ ၁၂ ရက်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယဟု ဖော်ပြလာခဲ့သည်။
မြန်မာနိုင်ငံတွင်းမှ အဓိက သက်ရောက်မှု ကြုံတွေ့ရမည့် ဒေသများသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့ဖြစ်ပြီး သက်ရောက်မှုအချို့ ကြုံတွေ့ရမည့် ဒေသများတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး စသည်တို့ ပါဝင်နေသည်ဟု accuweather.com ခန့်မှန်းချက်တွင် ဆိုထားပါသည်။
ယင်းဆိုင်ကလုန်း မုန်တိုင်းသည် မေ ၁၅ ရက်၌ category 1 အဆင့်ဖြင့် ကမ်းခြေသို့ ချဉ်းကပ်လာမည် ဖြစ်သည်ဟု wunder gournd. com တွင် ထုတ်ပြန်ထားသည်။

ဂျာနယ်များ

အင်တာနက်ဂျာနယ် (၁၃.၅.၁၃) အတွဲ (၁၄) အမှတ် (၁၈)

Filled under:

youtube က video တွေကို download လုပ်ကြမယ်

youtube က video တွေကို download လုပ်ကြမယ် credit to Sai Nyi Phyo


 ဥပမာ အနေနဲ့http://www.youtube.com/watch?v=d1Z7ysG8GrAကို ဒေါင်းမယ်ပေါ့.. 
အဲ့ဒါဆိုရင်.. www. (နောက်ဆုံးက . ဆိုတဲ့နေရာထိ) select ပေးပီး.. ss လို့ အစားရေးလိုက်ပါ ။ 
http://ssyoutube.com/watch?v=d1Z7ysG8GrAဆိုပီး ဖြစ်သွားမယ်။ အဲ့ဒါလင့်ခ်ထဲ ဝင်သွားရင်.. 
ကိုယ်ဒေါင်းမယ့် video ရဲ့ information တွေအပြင် ညာဘက် ဘေးမှာDownload link တွေ ပေါ်လာပါလိမ့်မယ် ။ အဲ့ဒီမှာမှ ကိုယ်ကြိုက်တဲ့ format နဲ့ resolution ကို ရွေးပီး ဒေါင်းပေါ့.. ။
အကယ်၍ ss လို့ အစားမထိုးချင်ဘူးဆိုရင်လဲ.. http://en.savefrom.net/ကိုသွားပြီး ကိုယ်ဒေါင်းချင်တဲ့ video ရဲ့ လင့်ခ်ကို ဖောင်လေးထဲ paste ပီး download ဆိုတာနှိပ်ရင်လဲ ရပါတယ်.. အတူတူပါပဲ ။

ငွေလွှဲပြောင်း ပေးပို့နိုင်မည်

GSM ဖုန်းများတွင် ငွေလွှဲပြောင်း ပေးပို့နိုင်မည်


CDMA ဖုန်းများတွင် အသုံးပြုခဲ့သော ငွေလွှဲပြောင်းပေးပို့ခြင်း စနစ်အား GSM ဖုန်းများတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခင်က CDMA 800 MHz ဖုန်းများတွင် အသုံးပြုခဲ့သော ငွေလွှဲပြောင်းပေးပို့ခြင်း စနစ်အား GSM ဖုန်းများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းငွေလွှဲပြောင်းပေးပို့ခြင်း စနစ်မှာ ဖုန်းတစ်လုံးမှ အခြားဖုန်း တစ်လုံးသို့ ကြိုတင်ငွေပေး ကတ်ငွေအား ဖြည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။ ငွေလွှဲပြောင်းပေးပို့ရာတွင် မိမိဖုန်းအတွင်းမှ ငွေအား လွှဲပြောင်းပေးခြင်းမျိုး မဟုတ်ပဲ ကြိုတင်ငွေဖြည့်ကတ် အသစ်မှ ငွေအား မိမိ၏ဖုန်းမှ အခြားဖုန်းတစ်လုံးသို့ လွှဲပြောင်းပို့ပေးခြင်း စနစ် ဖြစ်ကြောင်း သိရသည်။ ယင်းစနစ်အား ယခင် CDMA 800 MHz ဖုန်းများတွင် အသုံးပြုခဲ့ပြီး ထိုစဉ်က အသုံးပြုရာတွင် CDMA 800 ဖုန်းဖြင့် 166 ကိုခေါ်ကာ Operator မှ ပြောသော လုပ်ဆောင်ချက်များအတိုင်း တစ်ဆင့်ချင်း လုပ်ဆောင်ကာ ငွေလွှဲပြောင်း ဖြည့်သွင်းခြင်းအား ပြုလုပ်ခဲ့သော်လည်း ယခု GSM ဖုန်းများအတွက် ငွေလွှဲပြောင်းပေးပို့ရာတွင် Operator မှတစ်ဆင့် လုပ်ဆောင်ချက်များအတိုင်း သွားရန် မလိုအပ်ဘဲ မိမိကိုယ်တိုင် နံပါတ်များကို နှိပ်ကာ လွှဲပြောင်းပေးပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။ GSM နှင့် WCDMA ဖုန်းများ ငွေလွှဲပြောင်း ပေးပို့ရာတွင် ပထမဆုံးအနေဖြင့် *123* ကို နှိပ်ရမည်ဖြစ်ပြီး ယင်း၏ နောက်တွင် မိမိဖြည့်သွင်းမည့် ငွေဖြည့်ကတ်၏ နံပါတ်များအား ရိုက်ထည့်ရမည်ဖြစ်သည်။ ငွေဖြည့်ကတ် နံပါတ်များအား ဖြည့်သွင်းပြီးပါက * ကို ထပ်မံနှိပ်ပြီး ယင်း၏နောက်တွင် မိမိငွေလွှဲပြောင်း ပေးပို့လိုသော ဖုန်းနံပါတ်ကို ဖြည့်သွင်း ရမည်ဖြစ်ကြောင်း သိရသည်။ ထိုနောက် #Key ကိုနှိပ်ပြီး Call ကို နှိပ်လိုက်ပါက မိမိငွေလွှဲပြောင်း ထည့်သွင်းပေးလိုသော ဖုန်းသို့ လွှဲပြောင်းငွေ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။ ငွေလွှဲပြောင်းရာတွင် နံပါတ်မှားယွင်းခြင်းများ ဖြစ်ပေါ်က မိမိဖြည့်သွင်းသော ငွေဖြည့်ကတ်နံပါတ်များ မှားယွင်းနေကြောင်း Message ပြန်လာမည်ဖြစ်ပြီး ပြန်လည် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Unlock Pattern မေ့သွားလို

Unlock Pattern မေ့သွားလို့ ဖုန်း Lock ဖွင့်လို့မရတော့ရင်


Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင်ကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ ...
အဲ ဒါပေမယ့် ... ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ ...


ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ ... ဖုန်းထဲမှာ google account တော့ ဝင်ထားဖို့လိုပါတယ် ...

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ ...
Wi-Fi ချိတ်ထားဖို့ လိုပါတယ် ... ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။
ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ ...
Answer လုပ်လိုက်ပါ ... ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern
ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ ...



ပြီးတော့ ဖုန်းချလိုက်ပါ ...
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ ...

Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ " you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. " ဆိုပြီး ပေါ်လာပါမယ် ...



OK နှိပ်လိုက်ပါ။
စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ရင် ဒီလိုလေးပေါ်လာမယ် ...



ဒါဆိုရင် သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ ...
ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ ... ဒီတစ်ခါတော့ မှတ်ထားပေါ့နော် ...
ပြီးရင် Continue နှိပ်ပါ ...
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် ...
ပြီးရင် Confirm နှိပ်ပါ ...
ဒါဆိုရင်တော့ သင်ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် ...

အကယ်လို့ ... ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် ...

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???

PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ ... ပြီးရင် Restart ကျပါမယ် ... မကျရင် ကိုယ့်ဟာကို ချလိုက်ပါ ... ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ ...

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...

Google Play ဝင်နည်း


Google Play ဝင်နည်း (Root လုပ်ထားဖို့ လိုပါတယ်)

Droid VPN, Tun.ko, Market Unlocker တို့နဲ့ အဆင်မပြေသူများအတွက် Google Play ကို United States ပြင်ပကနေ ဝင်တဲ့ နောက်တစ်နည်းပါ။ အရိုးရှင်းဆုံးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက တချို့သော ဖုန်းတွေမှာတော့ အဆင်မပြေပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ ... အဆင်ပြေမယ့် သူတွေအတွက် အသုံးဝင်နိုင်အောင် တင်ပေးလိုက်တာပါ။ စမ်းကြည့်လို့တော့ အကျိုးမယုတ်ပါဘူး ... နော့။




 လိုအပ်တာတွေကတော့ Root Explorer, Google Play Store နဲ့ Vending တို့ဖြစ်ပါတယ်။ အောက်က လင့်တွေကနေ ဒေါင်းလိုက်ပါ။
အကုန်လုံးကို ဒေါင်းပြီးသွားပြီဆိုရင် SD Card ထဲကို ဒေါင်းထားတဲ့ apk ဖိုင်တွေပို့လိုက်ပါ။
ပြီးတော့ Root Explore ကို အရင်ဆုံး Install လုပ်ရပါမယ်။
Root Explorer ကို Install လုပ်ပြီးရင် Root Explorer ကိုဝင်လိုက်ပါ။
Super Use Permission တောင်းရင် Allow ပေးလိုက်ပါ။
ပြီးရင် ခုနက Vending.apk ဖိုင်ကို Root Explorer သုံးပြီး system/app ဖိုဒါထဲကို ကူးထည့်လိုက်ပါ။ read only ဖြစ်နေရင် ညာဘက် အပေါ်ထောင့်လေးမှာ mount ကို r/w ဖြစ်အောင်ပြောင်းမှာသာ read/write ရမှာပါ။
ပြီးရင် အဲဒီ့ paste လုပ်လိုက်တဲ့ Vending.apk ဖိုင်ကို ဖိထားပါ ... ပြီးတော့ permission ကို ပုံမှာ ပြထားတဲ့အတိုင်း ပေးလိုက်ပါ။

Permission ပေးပြီးသွားပြီဆိုရင် Google Play Store.apk ကို Install လုပ်ပါ။ ပြီးရင် ဖုန်းကို restart ချလိုက်ပါ။
ပြန်တက်လာလို့ Play Store ထဲဝင်လိုက်ရင် ဒီလိုလေး ဖြစ်နေလိမ့်မယ် ...





နည်းအမျိုးမျိုးနဲ့ Play Store ဝင်နေကြသူများလည်း အဆင်ပြေကြဖို့ မျှော်လင့်ပါတယ် ... ဒီပို့စ်လေးကိုတော့ xda-developers မှ မှီငြမ်းဖော်ပြပါတယ် ...  နောက်ထပ်လည်း ပို့စ်အသစ်တွေ တင်နိုင်အောင် ဆက်လက်ကြိုးစားနေပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...