Translate

Tuesday, November 12, 2013

Pro Myanmar Root.apk

အားလုံး Root လို့ရတယ်ဆိုတဲ့ Pro Myanmar Root.apk


တရုပ် root လေးကို လူလို နားအောင်ပြန်ရေးပေးထားပါတယ် တရုပ် root တွေမှာ root လိုက်ရင် ကျွန်တော်တို့ အလွယ်ခေါ်တဲ့  တရုပ်စာတွေပါတဲ့ တရုပ် superuser တက်လာပါတယ် ဒီကောင်လေးက လုံးဝ English လို တက်ပါတယ် ဖုန်းအားလုံးတိုင်းကို root လို့ ရပါတယ်  နောက်မှာလဲ ကီးဘုတ်လေးတွေ တောက်တိုမယ်ရ apk လေးတွေထပ်ထုတ်ပေးပါ့မယ် အခု root ကိုတော့ pro myanmar root လို့ နာမည်ပေးထားတယ်ပါတယ်


အဆင်ပြေပါစေ..

Credit : IPA Cracker

Zawgyi Pro

မည်သည့် Android Version ကိုမဆို မြန်မာစာ 100% မှန်အောင်ထည့်ပေးမည့် Smart Zawgyi Pro ထွက်ရှိ...

မင်္ဂလာပါ သူငယ်ချင်းများ ခုဒီတစ်ခါလည်း မည်သည့် Version မဆို မြန်မာမမှန်ခြင်းကို ဖြေရှင်းပေးမယ့် Tool အသစ်ကို အရင် Smart Zawgyi ကိုတီထွင်ရေးသားခဲ့တဲ့ Developer ကိုကျော်စွာသွင်ကပဲ Smart zawgyi pro ဆိုပြီး Free အနေနဲ့ ဖြန့်ချီလိုက်ပါပြီခင်ဗျာ။ Jelly Bean တွေမှာ သဝေထိုးနဲ့ အသတ်တွေ ရှေ့နောက်လွဲနေတာတွေကို... 100% ပြင်ပေးနိုင်ပါမယ်... နောင်ထွက်မည့် Version တွင် ညာဘက်ထောင့်မှစာများ ပြတ်နေတာတွေကိုပါ ရှင်းပေးပါ့မယ်... Orient Myanmar လို Huawei တစ်မျိုးတည်းရတာမဟုတ်ပဲ... မည်သည့် ဖုန်းကိုမဆိုရပါမယ်... Sony, Huawei အားလုံးမှာစမ်းပြီးပါပြီခင်ဗျား... Samsung တွေဆိုရင် မြန်မာပြည်ကို တရားဝင်သွင်းတဲ့ အလုံးတွေအားလုံး စမ်းသပ်ပြီးသားဖြစ်ပါတယ်...
Download Link>>>>
  1.  https://copy.com/9jGzOmR8o61u
  2.   https://www.dropbox.com/s/deh8ewq3ey6j9cx/Smart%20Zawgyi%20Pro.rar
  3. http://d-h.st/UFk
  4. http://www.mediafire.com/download/9ewtkk7v7klrcxb/Smart+Zawgyi+Pro.rar

Meter တိုင်ခြင်း

Power Supply ကိုMeter တိုင်ခြင်း

Power supply မှ DCV အပြည့် ထွက်၊မထွက်ကို Meter နဲ့ စမ်းသပ်ပြပေးသွားမှာဖြစ်ပါတယ်။ ပထမဦးစွာ Power supply ကို casing အတွင်းမှ ဖြုတ်ယူပြီး P1 connector ကိုWire ကြိုး အစိမ်းနှင့် အနက်ကို ကြေးနန်းကြိုးနှင့် ထိုးထားပါ။ Power supply ကို power onပေးပါ။ ဒါဆို power supply က fan လည်လာပါလိမ့်မယ်။ပထမအဆင့်အနေနဲ့ Power supply ကောင်းမွန်တယ်လို့ ယူဆလို့ရပါတယ်။ Powersupplyကောင်းတာတော့ ဟုတ်ပါပြီ Power supply မှ အထွက် Wire ကြိုးတွေကရောသတ်မှတ်ထားတဲ့ DC volt တွေ အပြည့်ထွက်ရဲ့လား ဆိုတာကို ဒုတိယအနေနဲ့စစ်ဆေးရပါအုံးမယ်။ Power supply က AC မှ DC သို့ ပြောင်းလဲပေးတာ ဖြစ်တဲ့အတွက်မီတာနဲ့တိုင်းတဲ့အခါ DC ကိုသာကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် meter channel ကို DCVolt သို့ ဦးတည်ပြီးလှည့်ပေးရပါမယ်။ ဟုတ်ပြီ။ DC Volt ကို လှည့်ထားပြီးပြီဆိုပါစို့။
မည်သည့် volt ကို တိုင်းမှာလဲ။ မီတာမှာတော့ DC volt ကို 0.5 volt မှ 1000 volt အထိပြသထားပါတယ်။ သင့်လျော်တဲ့ volt အားကို မှန်ကန်စွာ ရွေးချယ်တိုင်းတာရမှာ ဖြစ်ပါတယ်။ကွန်ပျူတာမှာရှိတဲ့ power တွေက အများဆုံး 12V ထိပဲ အသုံးပြုပါတယ်။ အဲဒီတော့သင့်အနေနဲ့ 10 volt ထက်နည်းတဲ့ wire ကြိုးတွေကို 10 volt နဲ့တိုင်းပြီး၊ 12 volt ကိုတော့50 volt နဲ့တိုင်းရပါလိမ့်မယ်။
ကွန်ပျူတာမှာရှိတဲ့ Power supply က wire ကြိုးတွေရဲ့ အလုပ်လုပ်ပုံတွေကိုလည်းသိထားရမှာ ဖြစ်ပါတယ်။ ကြိုးတွေကို အရောင်တွေနဲ့ ခွဲခြားထားပါတယ်။အရောင်တွေမတူသလို volt တွေလည်း မတူပါဘူး။ အရောင်က ခုနှစ်မျိုးရှိပြီး၊ အ၀ါရောင်က+12 volt၊ အနီရောင်က 5 volt၊ လိမ္မော်ရောင်က 3.3 volt၊ အညိုရောင်က 3.3V sense၊အပြာရောင်က -12 volt၊ အဖြူရောင်က -5 volt၊ ခရမ်းရောင်က +5 volt၊ အစိမ်းရောင်က power on၊ မီးခိုးရောင်က power good၊ အမည်းရောင်က ground  တို့ဖြစ်ကြပါတယ်။
ဒါကြောင့် ကွန်ပျူတာမှာ 12V ပဲ အများဆုံး သုံးတယ်လို့ ပြောခဲ့တာပေါ့။ Meter channelလေးကို အနီးဆုံး 10V ကို ရွှေ့ပေးလိုက်ပါ။ ဒါဆို စပြီး တိုင်းကြည့်ကြရအောင်။အရင်ဆုံးအနေနဲ့ power connector ကို စစ်ကြပါစို့။ Meter မှ အနီနှင့် အနက် Jerk pinလေးနှစ်ခုကို ယူပြီး jerk pin အနက်ကို P1 connector မှာရှိတဲ့ wire အမည်းကြိုးကိုထိုးထားလိုက်ပါ။ ကြိုက်သည့် အမည်းရောင်ကြိုးမှာ ထိုးနိုင်ပါတယ်။ မီတာက jerk pinအနီကို  P1 connector မှ အနီရောင်ကြိုးကို ထိုးလိုက်ပါ။ ဒါဆို  မီတာ Box မှာ DCV တွင်+5V ပြပါလိမ့်မယ်။ ဒါဆို power supply က power အပြည့်ထွက်ပါတယ်။ အကယ်၍ 3Vလောက် ပြနေလျင်တော့ power အထွက် မကောင်းတော့ပါဘူး။
၎င်းနည်းအတိုင်းပဲ အခြားသော wire ကြိုးတွေမှာလည်း သတ်မှတ်ထားတဲ့ volt အားထွက်၊မထွက် တိုင်းတာပေးရပါမယ်။ 5V ရှိတဲ့ wire တွေကို တိုင်းတဲ့အခါ 5V ရှိရပါမယ်။ 3.3Vရှိတဲ့ wire တွေကို တိုင်းတဲ့အခါ 3.3V ရှိရပါမယ်။ 12V ရှိတဲ့ wire တွေကိုတိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50V ကို ပြောင်းလဲပြီး ဦးတည်ပေးရပါလိမ့်မယ်။မီထာ box မှာ မီတာကိုကြည့်တဲ့အခါ DC ရဲ့ 10V မှာ ဆိုလျင် 0,2,4,6,8,10 ဆိုပြီး ရှိပါတယ်။သင်က 5V ကို တိုင်းခြင်းဆိုလျင်တော့ မီတာတံလေးက 4 နှင့် 6 ကြားမှာ ပြပါလိမ့်မယ်။ 3.3Vကို တိုင်ခြင်းဆိုလျင်တော့ 2 နှင့် 4 ကြားမှာ ပြပါလိမ့်မယ်။ DC ကို 10V ထက်ကျော်ပြီးတိုင်းမယ်ဆိုလျင်တော့ မီတာရဲ့ channel ကို 50 မှာ ထားရမှာပါ။ 50 မှာ ထားတဲ့အခါ0,10,20,30,40,50 ဆိုတဲ့နေရာတွေမှာ ကြည့်ရမှာ ဖြစ်ပါတယ်။ 12V ကို တိုင်းတာလျင်တော့မီတာတံက 10 နှင့် 20 ကြားမှာ ပြနေပါလိမ့်မယ်။ P4 connector၊ Molex connector၊ Mini-Molex connector တို့ကိုလည်း အထက်ပါ နည်းအတိုင်းပဲ တိုင်းရမှာ ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ DCV တွေလည်း ထွက်ရမှာ ဖြစ်ပါတယ်။ အဓိက အရေးကြီးတာကတော့မည်သည့် Wire ကြိုးကိုပဲတိုင်းတိုင်း မီတာရဲ့ Jerk pin အနက်ကိုတော့ power supply ရဲ့အနက်ကြိုးမှာပဲ ထိုးထားရမှာ ဖြစ်ပါတယ်။ DC 12V ထိပဲရှိတဲ့အတွက် လူကို အန္တရာယ်မဖြစ်နိုင်ပေမယ့်  wire pin များ ပူးသွားလျင်တော့ လျော့ဖြစ်သွားနိုင်ပါတယ်။ သတိထားပြီးကိုင်တွယ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
 Source: Product of MYDATA Game & Software CD /DVD

SmS

Magic SmS apk for Android



Message(SMS) ကို လှုပ်ရှားနေတဲ့ အရုပ်လေးနဲ့ တွဲပီးပို့ လို့ ရတဲ့ကောင်လေးပါ။
ရိုးရိုး message(SMS) နဲ့ ပို့ ရမှာပါ။ဘာအင်တာနက်မှလည်းမလိုပါဘူး။တော်တော်
လေးလန်းတယ်ဗျ။လှုပ်နေတဲ့ အရုပ်လေးတွေ ၇၀လောက်ပါတယ်။နောက်ထပ်
အရုပ်သစ်လေးတွေလိုချင်ရင်လဲ ဒေါင်းလုပ်ထပ်ဆွဲလို့ ရပါတယ်။တစ်ခုတော့ရှိတယ် ပို့ မဲ့ဖုန်းနဲ့  လက်ခံမဲ့ဖုန်း၂လုံးစလုံးမှာ ဒီ App လေးကို ထည့်ထားရမှာပါ။ဖိုင်ဆိုဒ်လဲသေးပါတယ်။
သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်ကလိပ်စာမှာ ရယူလိုက်ပါ။အဆင်ပြေပါစေ။

Downlaod
+++++++++++++++++++++

Jelly Bean v4.1.2 တွေမြန်မာစာ100% မှန်ပြီ

Jelly Bean v4.1.2 တွေမြန်မာစာ100% မှန်ပြီ Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း

Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း

ကျွန်တော်က cdma 800 mHz ကဒ်နဲ့ C8813 ကိုင်ပါတယ်။ GSM ကော ထည့်လို့ရအောင် MIUI rom ပြောင်းထားပါတယ်။ အကုန်အဆင်ပြေပါတယ်။ မြန်မာစာ အဆင်မပြေတာတစ်ခုကလွဲလို့။

ကျွန်တော့်သူငယ်ချင်းတွေလည်း HTC One ကိုင်တဲ့တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး မြန်မာစာ လွဲကြပါတယ်။ အင်တာနက်ပေါ်မှာရှာတော့လည်း အဖြေမတွေ့။ မှန်အောင်လုပ်နိုင်တယ်ဆိုတဲ့ model ကလည်း တစ်လုံးနှစ်လုံးရယ်။ လူအတော်များများလည်း ဒီပြဿနာတက်နေကြပါတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဖြေရှင်းကြည့်တယ်။ ဒီအတွက် အချိန်တွေအများကြီး ပေးခဲ့ရတယ်။

JB ရဲ့ ပြဿနာက unicode font ကို support လုပ်လိုက်ခြင်းပါ။ unicode အတိုင်းဆိုရင် 'အမေ' လို့ ပေါ်ဖို့အတွက် 'အမေ' လို့ ရိုက်ရပါမယ်။ ကျွန်တော်တို့က 'အမေ' လို့ ရိုက်လိုက်ရင် 'အေမ' လို့ သွားပေါ်ပါတယ်။ နောက်ထပ်ပြဿနာတက်တာက အသတ်တွေပါ။

ပြဿနာက font rendering engine ထဲမှာ ရှိနေပါတယ်။ တစ်ချို့ model တွေကို font ပြောင်းထည့်ပြီး ဖြေရှင်းကြပါတယ်။ တစ်ချို့လည်းအဆင်ပြေတယ်။ အဆင်မပြေတာက ပိုများပါတယ်။ ကျွန်တော်လည်း font rendering ကို ပြောင်းကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး။ မျက်စိညောင်းသွားတာသာ အဖတ်တင်ခဲ့တယ်။

ဒါနဲ့ နောက်တစ်နည်းဖြစ်တဲ့ font rendering engine ကို patch လုပ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်ရှာလို့ရသလောက် font rendering engine က /system/lib/libskia.so နဲ့ /system/lib/libharfbuzz.so ဆိုတဲ့ file နှစ်ခုထဲမှာရှိနေတယ်။ ပြဿနာကလည်း အဲဒီထဲမှာရှိနေပါတယ်။ ရှိနေတယ်ဆိုတာကိုသိပေမယ့် ဘယ်လိုဖြေရှင်းရမယ်မှန်း မသိဘူးဖြစ်နေတယ်။ libskia.so နဲ့ ရက်အတော်ကြာ တိုင်ပတ်နေသေးတယ်။

နောက်ဆုံး android source code ကို ဖတ်ကြည့်တော့မှ ပြဿနာက libharfbuzz.so မှာရှိနေမှန်း သိသွားပါတယ်။ အဲဒါကို ကျွန်တော် IDA Pro နဲ့ reverse engineering ပြန်လိုက်တယ်။ သဝေထိုးတွေ၊ ငသတ်တွေကို ရှေ့နောက်မစီနိုင်အောင် လုပ်ပစ်လိုက်တယ်။ အဲလိုနဲ့ ကျွန်တော့် C8813 မြန်မာစာ မှန်သွားပါတယ်။

လုပ်ပုံလုပ်နည်းက ဖုန်းထဲကနေ libharfbuzz.so ကိုထုတ်တယ်။ computer ထဲမှာ reverse engineering ပြန်လိုက်တယ်။ code တွေပြင်တယ်။ နောက်ပြီး ပြန်ထည့်တယ်။ ပြဿနာက ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်လုပ်ရပါတယ်။ libharfbuzz.so ကို တခြားဖုန်းထဲကယူထည့်ရင် boot loop ဖြစ်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကိုလည်း မှန်အောင်လုပ်ပေးလိုက်တယ်။ အဆင်ပြေပါတယ်။

နည်းပညာရသွားပြီဆိုတော့ ရောင်းစားမလားလို့ ကျွန်တော်စိတ်ကူးမိပါသေးတယ်။ ကျွန်တော့်ကို ပြဿနာဖြစ်နေတဲ့ file ကိုပေး၊ ကျွန်တော်က patch လုပ်ပေးမယ်ပေါ့။ အခုလက်ရှိနည်းပညာအရကလည်း အများစုတစ်ပြိုင်တည်းလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကျွန်တော်ရမယ့်အကျိုးအမြတ်က နည်းနည်းရယ်။ တကယ်လို့ ဖုန်းအားလုံး မြန်မာစာမှန်မယ်ဆိုရင် အတော်များများပျော်ကြရမှာ။ အဲလိုနဲ့ နောက်ဆုံး free ရအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဓိကပြဿနာက အဲဒီမှာစပါတယ်။ model မတူတဲ့ဖုန်းတွေအများကြီးကို တစ်လုံးချင်းဆီ patch file ထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ အဲဒီနားမှာတော့ ကျွန်တော့်ဦးနှောက် အရည်ပျော်ကျမတတ် စဉ်းစားရပါတယ်။ နောက်ဆုံး ကံကောင်းစွာနဲ့ ဖုန်းအားလုံးနီးပါးမှာ ပြင်ရမယ့် code segment လေးက သွားတူနေပါတယ်။ ကျွန်တော်က byte တွေ bit တွေနဲ့ ကစားရတာကို ဝါသနာပါတယ်။ အပြန်ပြန်အလှန်လှန်ကြိုးစားပြီးနောက်မှာ one click tool လေးတစ်ခုကို C++ နဲ့ ရေးနိုင်ခဲ့ပါတယ်။

အဲဒီ one click tool လေးကို ထုတ်ပေးတော့မလားလို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် သုံးသူအားလုံး တကယ့်ကို free ရစေချင်တယ်။ one click tool လေးက computer မရှိတဲ့သူအတွက်ဆို အဆင်မပြေပြန်ဘူး။ နောက်ပြီး ကျွန်တော်အလကားပေးထားတဲ့ tool လေးကို တစ်ချို့တွေက အခကြေးငွေယူပြီး လုပ်စားကြဦးမယ်။ အဲလိုနဲ့ နောက်ထပ်တစ်လှမ်း ဆက်လှမ်းရပါတယ်။

အဲဒါကတော့ လူတိုင်းလွယ်လွယ်ကူကူသုံးဖို့ apk ထုတ်ပေးဖို့ပါ။ android programming က ကျွန်တော်ကျွမ်းကျင်လှတဲ့ ဘာသာရပ်မဟုတ်ဘူး။ နောက်ပြီး UI တွေရေးတဲ့နေရာမှာ ကျွန်တော်တော်တော်ညံ့တယ်။ C++ ကနေ Java ပြောင်းဖို့ကို အချိန်တော်တော်ယူလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ apk file လေး ထွက်လာခဲ့ပါတယ်။ အလှကြီးမဟုတ်ပေမယ့် ကြည့်ပျော်ရှုပျော်လို့ ပြောလို့ရမယ့်ဒီဇိုင်းလေးနဲ့ပါ။

အဲဒီ apk လေးက ဒီလိုအလုပ်လုပ်ပါတယ်။
- /system/lib/libharfbuzz.so ကို သူ့ files directory ထဲကို backup ဆိုတဲ့ နာမည်နဲ့ copy ကူးယူတယ်။
- အဲဒီ copy ကူးထားတဲ့ file လေးကို byte တစ်ချို့ပြင်ပြီး temp ဆိုတဲ့ file အနေနဲ့ ရေးလိုက်တယ်။
- အဲဒီ temp file လေးကို /system/lib/libharfbuzz.so ဖိုင်နေရာမှာ အစားပြန်ထိုးပါတယ်။

အလုပ်လုပ်သွားပုံက လွယ်လွယ်ကလေးပါ။ ဒါပေမယ့် အဲဒီအတွက် တော်တော်ကြိုးစားခဲ့ရပါတယ်။

apk file လေး အကြမ်းထွက်လာတော့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဖုန်းတွေမှာ လိုက်စမ်းပါတယ်။ နောက်ဆုံး စိတ်ချရလောက်ပြီဆိုတဲ့အချိန် တင်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ စိတ်တိုင်းမကျလှသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက အတင်းတင်ခိုင်းတာနဲ့ တင်လိုက်ရပါတယ်။ ကျေးဇူးတင်ရမယ့်သူတွေထဲမှာ သူတို့တွေလဲ ပါပါတယ်။ (Soe Min Htut, Khun Htun Hla, Khaing Khant Lwin)

PATCH_FAIL_ERROR ဖြစ်ရတဲ့အကြောင်းရင်းက code segment မကိုက်လို့ပါ။ အဲဒီဖုန်းတွေအတွက် /system/lib/libharfbuzz.so ဆိုတဲ့ file လေးကို dr.kyawzawnaing@gmail.com ကို ပို့ပေးထားပါ။ နောက်ပိုင်း အဲဒီ code segment လည်း ပြင်လို့ရအောင် update ထုတ်ပေးပါ့မယ်။ ကြန့်ကြာနေခဲ့ရင်လည်း သည်းခံပေးပါ။

နောက်ပြီး ကျွန်တော့်ရဲ့ app ဟာ unicode နဲ့ ပိုဝေးသွားစေတာအတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ရှေ့ကိုတိုးတာမဟုတ်ဘဲ နောက်ကိုပြန်ဆုတ်လိုက်ခြင်းသာဖြစ်ပါတယ်။

IT ဖွံ့ဖြိုးဖို့ဆိုရင် developer တွေကို အားပေးဖို့လိုပါတယ်။ ဒါကြောင့် သူတို့ရောင်းတဲ့ app တွေကို ဝယ်ယူအားပေးစေချင်ပါတယ်။ သူတို့ဆိုတဲ့အထဲမှာ ကျွန်တော်တော့ မပါပါဘူး။ ကျွန်တော်ဟာ ဝါသနာရှင်အဆင့်ပဲရှိပါတယ်။

ဘယ်လိုပဲဆိုဆို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပျော်နေကြတဲ့အတွက် ကျွန်တော်လည်းပျော်ပါတယ်။ brick ဖြစ်သွားတယ်လို့ မကြားရသေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ donate လုပ်ချင်သူများအနေနဲ့တော့ dr.kyawzawnaing@gmail.com ကို MecTel 800 MHz ငွေဖြည့်ကဒ် ကုဒ်နံပါတ်များ ပို့ပေးနိုင်ပါကြောင်း :D

Saturday, November 9, 2013

Root Master 1.3.6

ဖုန်းတစ်လုံး စက္ကန့် 40 အတွင်း Root နိုင်ပြီး Android Phone အမျိုးအစား ၁၀၀ ကျော်ကို Root လုပ်နိုင်တဲ့ Root Master 1.3.6 apk


Root Master 1.3.6 apk ကို Android Phone တွေမှာ သာမန် app ကို Install လုပ်သလို လုပ်သွားရင်း Root လုပ်ပေးနိုင်မှာဖြစ်ပါတယ်.. ဒီကောင်က z4root , UniversalAndRoot, Kingroot တို့ကို အခြေခံပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားတာကြောင့် ဖုန်းအတော်များများကို Root ပေးနိုင်တယ်လို့ ဆိုပါတယ်.. ဒီကောင်နဲ့ Root ဖို့ ဖုန်းတစ်လုံးကို စက္ကန့် 40 ပဲကြာမယ်လို့လည်း Official အနေနဲ့ ရေးသားထားပါသေးတယ်..
ဒါ့အပြင် Cloud Root System နဲ့လည်း Root နိုင်ပါသတဲ့.. အဲဒီကိစ္စတော့ မောင်ပေါက်တို့လည်း နားမလည်ပေါင်.. လိုချင်ရင်တော့ အောက်မှာ အမြန်သာ ဆွဲလိုက်ကြပါလို့..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here ! or Here !

TubeMate 2 YouTube Downloader Apk v2.0.9 build 515

Adroid ကနေ Video ဖိုင် ဒေါင်းရာမှာ အကောင်းဆုံး TubeMate 2 YouTube Downloader Apk v2.0.9 build 515


ဒီကောင်လေးကိုတော့ YouTube ကနေ Movie ဖိုင်တွေ ဒေါင်းလေ့ရှိသူတွေ အကြိုက်တွေ့သုံးနေကြတာပါ.. အသုံးပြုရတာ ရိုးရှင်းပြီး YouTube မှာ ကိုယ်ကြိက်တဲ့ Video ကိုတစ်ချက်နှိပ်. ကြည့်မှာလား၊ ဒေါင်းမှာလား.. ဒေါင်းမှာဆိုရင် Quality ဘယ်လောက်နဲ့ဒေါင်းမှာလဲ၊ MP3 ပြောင်းဒေါင်းမှာလား. စသည်ဖြင့် အမြန်ဆုံးနဲ့ အကောင်းဆုံး ဆောင်ရွက်ချက်ကို TubeMate နဲ့ လုပ်နိုင်ပါတယ်.. ဗားရှင်းသစ်မို့. HD Movie တွေကို အမြန်ဆုံး ဒေါင်းနိုင်ပါလိမ့်မယ်..
(ကွန်နက်ရှင် ကောင်းရင်ပေါ့ )

အဆင်ပြေပါစေ..

မောင်ပေါက်
Download Here ! or Here !

Friday, November 8, 2013

Windows 8 Style

Taskbar (Premium) - Windows 8 Style 3.1 APK


အခုတင်ပေးမယ့် Theme လေးကတော့ တော်တော်ကြီးကိုလန်းတယ်ဗျာ။ Window 8 ရဲ့ Taskbar စတိုင်မျိုး ကို Android Screen ပေါ်မှာမြင်ရပြီးအသုံးပြုရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ တော်တော်လေးသဘောကျ လို့သုံးနေပြီဗျာ။ Gmail ဆိုရင်လည်း Window 8 မှာပေါ်သလိုပေါ်မှာပါ။ File Manager ဆိုလည်း My Computer လိုမျိုးမြင်ရမှာပါ။ Android OS 2.1 နှင့်အထက်ဖုန်များမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ နမူနာအ အနေနဲ့ အောက်မှာ Screen Shoot တွေကိုတင်ပေးလိုက်ပါတယ်ဗျာ။ လန်းလွန်းလို့ သုံးကြည့်စေချင်ပါတယ် ဗျာ။ အကြိုက်တွေ့စေရမယ်လို့လည်းအာမခံပါတယ်။
















ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


သတိပြု ရန် - Download Button ကိုနှိပ်ရင် ကျွန်တော့် Home Page နဲ့ Download Page နှစ်ခု က Tab နှစ်ခု အနေနဲ့ တစ်ပြိုင်နက်ထဲ ကျလာပါတယ်။ သေချာလေးစစ်ပြီးဒေါင်းနိုင်ပါတယ်ဗျာ



Download

Bass Booster

Bass Booster Pro v2.1.1 For Android


ဖုန်းတွေမှာ သီချင်းနားထောင်ရတာ Bass သံသိပ်မပါတော့ ခြောက်ကပ်ကပ်ဖြစ်နေရင် ဒီ Bass Booster Pro v2.1.1 လေးကို Install လုပ်လိုက်ပါ.. Bass သံ များများနဲ့ Beat တွေကို ကောင်းကောင်း ခံစားရလိမ့်မယ်.. Virtualizer ပါဝင်တဲ့အတွက် ကိုယ်လိုအပ်သလို ချိန်ညှိနိုင်မှာလည်း ဖြစ်ပါတယ်.. Electro, Techno, Dubstep, Dance, Pop, Rock, Metal, Reggae, Rap, R&B, Hip-Hop, Jazz, Latino, Acoustic, Classical, Party သံစဉ်အမျိုးအစားတွေအတွက် Preset ပေါင်း 20 အဆင်သင့်လည်း ပါဝင်ပါတယ်.. လိုအပ်တဲ့ Android Version ကတော့ 2.3.3 နဲ့ အထက်ပါ..
The Pro features of Bass Booster include :
- Unlimited custom presets
- Homescreen widget (2x1)
- Homescreen shortcut (see below)
- Virtualizer
- Start on phone boot
- Preset auto-detection (see below)
- Automatic preset on incoming call/SMS or during phone conversations
- 4 themes
- Reverb (in Beta ! It doesn't work on most phones, so it might be removed)
- 20 built-in presets : More Basses, Improve quality, Electro, Techno, Dubstep, Dance, Pop, Rock, Metal, Reggae, Rap, R&B, Hip-Hop, Jazz, Latino, Acoustic, Classical, Party, Voice Boost, Volume Boost. (included in the free version)

အဆင်ပြေပါစေ..

မောင်ပေါက်


Download : 721 KB

System Info

Quick System Info PRO 3.1

 
မိမိ ရဲ့Android ဖုန်းမှာ ဘာ CPU Model နဲ့  အလုပ်သလဲ ram memory ဘယ်လောက်ရှိသလဲ

storage sd card ဘယ်လောက်ရှိသလဲ နေရာလွတ်ဘယ်လောက်ကျန်သေးသလဲ ဆိုတာကို

တနေရာထဲကနေကြည့်နိုင်ပါတယ်။ပြီးရင် NETWORK က ဘာလဲ၊ အခု့ဖုန်းမှာ ဘာတွေ အလုပ်လုပ်

နေသလဲ ဆိုတာကိုလည်းကြည့်နိုင်ပါတယ်။တခါတလေကြတော့ ကိုယ့်ဖုန်းမှာ ဘာတွေပါလို့ပါမှန်းမသိဖြစ်
နေမှာစိုးလို့ ဒါလေးကိုဒေါင်းယူပြီးကြည့်လိုက်နော်

Camera360.

Camera360.Ultimate v4.7.8 APK

http://3.bp.blogspot.com/-e3BSGFyyqpk/UmoN2ho7CPI/AAAAAAAAG0A/S-JTgVnYDUM/s1600/Download-Camera360-Ultimate-APK-4.7.8-Free-Android-Apps.png
Android User တွေအတွက် Camera နဲ့ပတ်သက်တဲ့ Application တွေမှာ နာမည်ကြီးပြီး လူကြိုက်များတဲ့ Camera360.Ultimate နောက်ဆုံးထွက် Version လေးတင်ပေးလိုက်ပါတယ်ဗျာ။ အခု Application လေးကလူ တိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်လို့မရှင်းပြတော့ပါဘူး။ Phone မှာပါပြီးသား Camera ထက်ကို Camera360 လေးက ရုပ်ထွက်ရော ကာလာပါပိုပြီး ကောင်းပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာစပြီးအသုံးပြုနိုင် မှာဖြစ်ပါတယ်ဗျာ။
ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။


သတိပြု ရန် - Download Button ကိုနှိပ်ရင် ကျွန်တော့် Home Page နဲ့ Download Page နှစ်ခု က Tab နှစ်ခု အနေနဲ့ တစ်ပြိုင်နက်ထဲ ကျလာပါတယ်။ သေချာလေးစစ်ပြီးဒေါင်းနိုင်ပါတယ်ဗျာ

ဖုန်းရဲ့ ကွာလတီအကြောင်း.......

IMEI ကပြောသော သင့် ဖုန်းရဲ့ ကွာလတီအကြောင်း.......

Iphone , nokia , samsung , sonny ericsson and motorola စတဲ့ ဖုန်းများကို သင့် ဖုန်းရဲ့  IMEI 
(International Mobile Equipment Identity - )   နိုင်ငံတကာ မိုဘိုင်းဖုန်း 
တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် IMEI ကို ကြည့် ရှူ့ ပြီး ဖုန်းအမျိုးအစားတွေကို 
ဘယ်နိုင်ငံထုတ်လဲ ကောင်းမကောင်းစသည် ဖြင့်  စစ်ဆေးလို့ ရပါတယ်ခင်ဗျာ။
အရင်ဆုံး အနေနဲ့ မိမိတို့ ဖုန်းကို

*#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ imei ဂဏန်း ( ၁၅ ) လုံးထွက်ပေါ်လာပါလိမ့် မယ်။

ဥပမာ- ၁  ၂   ၃   ၄   ၅   ၆   -     -   ၉ ၁၀ ၁၁  ၁၂  ၁၃  ၁၄  ၁၅ ။

ကွက်လပ်ဖြစ်နေတဲ့  ၇  ကြိမ် မြောက်နဲ့ ၈ ကြိမ်မြောင်ဂဏန်းတွေ ကို ကြည့် လိုက်ပါ။



သင့် ဖုန်း  ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-
 
(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေပါတယ်။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။


(၆) 05 သို့ မဟုတ် 50  ဖြစ်မယ်ဆိုရင်တော့  Vietnam, HongKong  ,Brazil , USA   က လာတဲ့ ဖုန်းအဖြစ်သတ်မှတ်နိုင်ပါတယ်။ samsung ဖုန်းအများစုမှာတေါ့ ရတတ်ပါတယ်။


(၇)  03/30 or 04/40, ဖြစ်မယ်ဆိုရင်တော့  china ထုတ်ပါခင်ဗျာ ကွာလတီတော့ ကောင်းပါတယ်။သို့ ပေမယ့်  00, 01 or 10.   ဒီကောင်တွေလောက်တော့   မကောင်းပါဘူးခင်ဗျာ။   အသင် အတင့် မှာ   ရှိနေတယ်ဆိုတဲ့   သဘောပါ။



မူရင်ဆိုမှာလည်း ဝင်ရောက်လေ့ လာနိုင်ပါတယ်ခင်ဗျာ http://www.esoftnetonline.com/cellphones.htm

Root Checker

မိမိဖုန်းမှာ Root ဖောက်ပြီးတော့ အမှန်တကယ် Root ရမရ ကို Root Checker Advanced PRO APK 1.1.0 Premium နဲ့ စစ်ဆေးမယ်



 ဒါလေးကတော့ မိမိ Android ဖုန်းမှာ Root ဖောက်ပြီးတော့

Root အမှန်တကယ် ရ မ ရ ကိုပြန်စစ်ပေးမယ့် application ကောင်းလေးတခု့ပါ။
ဒါလေးက လိုအပ်ပါတယ်။ကျနော်တိုရဲ့ ဖုန်းကို Root  tool တခုခု နဲ့ root ပြီးတဲ့အခါမှာ
Super User ပေါ်လာတာရှိသလို မပေါ်လာတာလည်းရှိတယ်။တခါတလေကြတော့ 
SuperUser ပေါ်နေပြီးတော့ Root Access မရတာတွေဖြစ်တက်ပါတယ်။ဒါလေးကတော့
Root အောင်မြင်ခြင်း ရှိမရှိ ကိုစစ်ဆေးပေးနိုင်ပါတယ် အသေးစိတ်ကို ဒီမှာကြည့်လိုက်ပါ ခင်ဗျာ
Google Play မှာတော့ 1.22 ဒေါ်လာ ပေးမှ အသုံးပြု့လို့ရမှာဖြစ်ပါတယ် ။
ကျနော် ဆိုဒ်မှာတော့ အောက်မှာ အလကားဒေါင်းယူလို့ရပါတယ် ခင်ဗျာ

T8830pro,S3 clone,S2 clone,note clone,နဲ့ အမျိုးမျိုးကို root

T8830pro,S3 clone,S2 clone,note clone,နဲ့ အမျိုးမျိုးကို root လုပ်လို့ရပါတယ်

တရုတ်ဖုန်းတော်တော်များနဲ့ sony တွေ ကို root လုပ်နိုင်ပါတယ် အမျိုးစားတော်တော်လေးကို လုပ်လို့ရပါတယ် စမ်းသပ်ကြည့်ပါ ။အသုံးပြုလိုတဲ့သူငယ်ချင်းများအတွက် အောက်က လင့်လေးမှာတင်ပေးထားပါတယ်။

Android Application ဖန်တီးခြင်း

အလွယ်ကူဆုံးနည်းလမ်းဖြင့် Android Application ဖန်တီးခြင်း

မင်္ဂလာပါခင်ဗျာ..... အလွယ်ကူဆုံးနည်းလမ်းဖြင့် Android Application ဖန်တီးခြင်း ဆိုတဲ့ နည်းလမ်းလေးကို ကျွန်တော် Blog မိတ်ဆွေများအတွက် www.androidmyanmar.blog.com မှနေပြီး ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်....
 
  • ကျနော် ဒီပို့စ်မှာ Android Application နှင့်ပတ်သက်ပြီး မည်သည့် Coding တွေကိုမှ မသုံးဘဲ၊ သုံးရန်မလိုအပ်သော Application ရေးသားပုံ၊ ရေးသားနည်းကို တင်ပြပေးသွားမှာပါ။ အခုတင်ပြပေးမယ့် နည်းစနစ်ကတော့ Online/ Offline ဖတ်ရှုလို့ ရပါတယ်။
  • ဒီနည်းစနစ်လိုပဲ အခြားသော Android Application ရေးသားနိုင်တဲ့ Link များစွာလည်းရှိပါသေးတယ်။ ကျနော် အခါ အားလျော်စွာ Facebook Wall မှာ Share ပေးလေ့ရှိပါတယ်။ အခု တင်ပြတဲ့ နည်းစနစ်ကတော့ အလွန်ကို လွယ်ကူရိုးစင်းပြီး ဖန်တီးရတာ ပျော်စရာလည်း ကောင်းလို့ တင်ပြပေးလိုက်တာပါ။
  • တစ်ခုတော့ နားလည်ပေးချင်တာက ဒီပို့စ်က Pro တွေအတွက် ရည်ရွယ်ရေးသားတင်ပြပေးခြင်းမဟုတ်ပါ။ အပျော်တမ်း Android apk များ ဖန်တီးချင်သူ Beginner များအတွက်သာ ရည်ရွယ်ပါတယ် ခင်ဗျာ။ :-) :-) :-)


  • ကျနော်တို့အနေနဲ့ ပထမဆုံး Android application အဖြစ်ဖန်တီးချင်တဲ့ ဆိုဒ် သို့မဟုတ် Facebook PageFacebook Group တို့ ၏ သက်ဆိုင်ရာ LOGO  ကိုအရင်ဆုံး ကြိုတင်ပြီး ထုတ်ထားလိုက်ရင် တော့ ပိုအဆင်ပြေတာပေါ့ ခင်ဗျာ။ ကျနော် နမူနာအနေဖြင့် http://buddhismbeams.blogspot.com ကို Android Apk ဖန်တီးပြပါမယ်။
  • အောက်ပါပုံမှာ ပြထားသလို ဆိုဒ်ရဲ့ Rss Feed or Atom Feed ကိုယူပါမယ်။ ပုံမှာ ပြထားသည့် အတိုင်း နှိပ်လိုက်ပါ။ (1) ဆိုတဲ့နေရာကို အရင်ဆုံး နှိပ်လိုက်ပါ။ ပြီးရင် More Information ဆိုတဲ့ (2) နေရာကို နှိပ်လိုက်ပါ။
 
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ ပုံမှာပြထားသလို ကျနော်တို့အနေနဲ့ Atom Feed ကိုပဲယူယူ၊ Rss Feed ကိုပဲယူယူ အဆင်ပြေပါတယ်။ Click လိုက်ပါက Browser နဲ့ ပွင့်သွားပါမယ်။
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ အဲဒီ Feed လင့်ကို Copy ယူလိုက်ပါ။
  • ထို့နောက် အောက်ပါပုံမှာ ပြထားသည့်အတိုင်း ဒီနေရာမှာ Sign up လုပ်ပေးလိုက်ပါ။
  • Sign Up လုပ်ပြီးပါက အောက်ပါပုံအတိုင်း Create New Application ဆိုတဲ့ Page ကို ချက်ချင်းရောက်သွားပါမယ်။ ပုံမှာ ပြထားသလို မိမိရေးသားသော Application နှင့်သက်ဆိုင်ရာများကို ဖြည့်ပါ။အထက်မှာ Copy ယူခဲ့သော Atom Feed or Rss Feed ရဲ့ Link ကို သုံးခုမြောက် မျှားနေရာမှာ ထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Create App ကိုနှိပ်လိုက်ပါ။
  • ပုံမှာ မြင်ရသလို တွေ့မြင်ရပါမယ်။
  • Icon ကိုတော့ ဆိုဒ်နဲ့ သက်ဆိုင်ရာ ပုံ ကိုထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Save Changes ကိုနှိပ်လိုက်ပါ။
  • Icon ကိုထည့်သွင်းပြီးပါက အောက်ပါအတိုင်းတွေ့မြင်ရပါမယ်။ ထို့နောက် Save Changes ကိုနှိပ်လိုက်ပါ။ ပြီးရင် Menu > Tabs ကိုသွားပါ။
  • ပုံမှာ မျှားပြထားသည့်နေရာများအတိုင်း ဖြည့်ပေးပါ။ Check လုပ်ရမယ့်နေရတွေမှာ မသုံးချင်ရင် ဖြုတ်ထားနိုင်ပါတယ်။ Tab Icons ဆိုတဲ့နေရာမှာ မိမိစိတ်ကြိုက် Icon လေးတွေဖန်တီးပြီးထည့်နိုင်ပါတယ်။ ဒီနေရာမှာတော့ Default အတိုင်းပဲ လုပ်ပြပေးထားပါတယ်။ နောက်ပိုင်းမိမိစိတ်ကြိုက်ဖန်တီးကြည့်ပါ။
  • နောက်တစ်ဆင့်ကတော့ Settings ဆိုတဲ့ Tab ကိုသွားလိုက်ပါ။ အောက်ပါအတိုင်းမိမိစိတ်ကြိုက် Setting များကို ပြင်ဆင်နိုင်ပါတယ်။ အားလုံးထည့်သွင်းပြီးရင် Save Changes ကိုနှိပ်လိုက်ပါ။
  • Submit ဆိုတဲ့ Tab အောက် Submit to Build ဆိုတာကိုနှိပ်လိုက်ပါ။ မိမိရဲ့ Gmail ကို ကျနော်တို့အခု ဖန်တီးလိုက်သော Apk ဖိုင်ကို ပို့ပေးပါလိမ့်မယ်။ ဒေါင်းယူပြီး Android ပေါ်မှာ Testing လုပ်နိုင်ပါပြီ။
  • တစ်ခု သတိပြုစေချင်တာက ဒီလင့်ကနေ Android apk ဖန်တီးလိုက်တဲ့အခါမှာ မိမိရဲ့ Gmail ထဲသို့ Auto သို့မဟုတ် Default apk ဖိုင်တစ်ခုကို အရင်ဆုံးပို့လေ့ရှိပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ မေးလ်ထဲမှာ AppYet (2) or (3) လို့ ဖြစ်မှာသာ မိမိဖန်တီးလိုက်သော application ရဲ့ Setting များအတိုင်းရရှိမှာ ဖြစ်ပါတယ်။
  • ပြည်ပမှာရှိနေတဲ့ Android Application ဖန်တီးချင်သူများကတော့ Google Play မှာ တိုက်ရိုက် မိမိဖန်တီးလိုက်သော Application များကို Market မှာ Publish လုပ်နိုင်ပါတယ်။
  • Facebook Page, Group နဲ့ Personal Facebook Profile များဖန်တီးရန် FB-RSS Feed ထုတ်ယူပုံကိုတော့ ဒီပို့စ်မှာ ဆက်ပြီး မရေးတော့ပါဘူး။ လိုအပ်ရင်ဆက်သွယ်နိုင်ပါတယ်။ :-) :-) :-) အားလုံး အဆင်ပြေပါစေ…
  • PDF ဖိုင်ကို ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ အခု နမူနာပြရင်းနဲ့ ထုတ်လိုက်တဲ့ Apk Download Link ပါ။ ပုံတွေကတော့ ဒီ app ရဲ့ Android Screenshot တွေပါ။



Adobe Flash Player

Adobe Flash Player For Android

android phone များအတွက် adobe flash player လေးပါ အသုံးပြုချင်တဲ့သူငယ်ချင်းများအတွက်တင်ပေးလိုက်ပါတယ် ခင်ဗျာ။

သစ်​ထူးလွင်

ပည်​သတင်း၊​ပေါက်​​ခေါင်းသတင်း၊သစ်​ထူးလွင်​သတင်းသုံးမျိုးလုံးကို ​ဆော့ဝဲတစ်​ခုတည်းမှဖက်​မယ်

ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် သတင်းဆိုက်သုံးခု သတင်းတွေကို Android ပေါ်မှာ အလွယ်တကူ ဖတ်နိုရင်န် (မိတ်ဆွေတစ်ချို့ ပြုလုပ်ခိုင်းသည့်အတွက် အခြားအသုံးပြုလိုတဲ့ မိတ်ဆွေများပါ အသုံးပြုနိုရင်န်) Pyay News v 2.0 apk ကို ပြုလုပ်ပေးလိုက်ပါတယ်။ ဒီ apk ကို မိမိဖုန်းမှာ install လုပ်ထားရင် ပြည်သတင်း + ပေါက်ခေါင်းသတင်း + သစ်ထူးလွင် ဆိုက်သုံးခုမှာ တသင်မျှ သတင်းအသစ်တွေကို Online + Offline ဖတ်နိုမငှ်ာဖြစ်ပါတယ်ခဗင်ျာ။ အသုံးပြုလိုသူများ အောက်မှာပေးထားတဲ့ လိပ်စာသုံးခုမှ ကြိုက်နှစ်သ်ရကာကေန Download ယူ အသုံးပြုနိုပင်ါတယ်ခဗင်ျာ။ ယခု apk မှာတော့ web version ကိုပါ ပြောင်းလဲကြည့်နိုင်ခြင်း၊ နောက်ခံကို အဖြူ၊ အမဲ အေရာင်နှစ်မျိုးဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ခြင်းတို့ကို ပြုလုပ်နိုင်​မှာဖြစ်ပါတယ်။
Download >>> https://www.dropbox.com/s/8p6p7ypr4y6kkeg/Pyay%20News%20v%202.0.apkDownload >>> https://www.dropbox.com/s/8p6p7ypr4y6kkeg/Pyay%20News%20v%202.0.apk

SEA GAME ခြင်းလုံးဂိမ်း

ရွှေမြန်မာတို့ရဲ့ 27 ကြိမ်မြောက် SEA GAME ခြင်းလုံးဂိမ်း

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့နိုင်ငံရဲ့ 27 ကြိမ်မြောက် SEA GAME ပွဲအတွက် ရေးသားထုတ်လုပ်ထားတဲ့ SEA GAME ခြင်းလုံးဂိမ်းလေးကိုတင်ပေးလိုက်ပါတယ်
အွန်လိုင်းမှာတော့နံမည်ကြီးနေတာကြာပါပြီ။ စိတ်ဝင်စားသူများ ဒေါင်းလုပ်ရယူနိုင်ပါပြီ....

Momo8,Momo9,Mono11 Tablet တွေ ကို firmware တင်

Momo8,Momo9,Mono11 Tablet တွေ ကို firmware ပြန်တင်ကြမယ်

မင်္ဂလာပါ ခုဖော်ပြပေးမဲ့နည်းလေးက chat box က အကိုတစ်ယောက်တောင်းထားလို့ Momo8,Mono9,Mono11  tablet များကို firmware ပြန်တင်နိုင်မဲ့နည်းလမ်းလေးပါ။ ကျွန်တော်တော့ တင်ဖူးပါတယ် တော်တော်လေးကြာနေပါပြီ ခုမှ တောင်းဆိုထားတာနဲ့ ကြုံလို့ ရေးဖြစ်သွားတာပါ မသိသေးတဲ့သူငယ်ချင်းများအတွက်လည်း အကျိုးရှိမဲ့လို့မျှော်လင့်ပါတယ်။ ဘာမှ မလုပ်ခင်မှာ လိုအပ်မဲ့ data လေးတွေ တောင်းလိုက်ကြမယ်နော်....
Driver
>> Download <<
Livesuit
>> Download <<
Mono 8 bird version 4.0.4 -20,120,717 Firmware
>> Download <<
အားလုံးဒေါင်းပြီးသွားရင်တော့ စကြမယ်နော် .. Tab ကို အားပြည့်အောင်သွင်းထားပြီး ပါဝါပိတ်ထားလိုက်ပါ။
Driver အရင်ဆုံး သွင်းပါ့မယ်။ အကောင်းဆုံးသွင်းနည်းကတော့ ကောင်းနေတဲ့ momo tab တစ်လုံးကို
unknow source နဲ့ Debug on ပြီး ကွန်ပျူတာနဲ့ချိတ်ပါ။ Driver မသိရင် ပေးထားတဲ့အထဲက Pda net ဆိုတာလေးကို တင်လိုက်ပါ driver သိသွားပါလိမ့်မယ် ။ driver သိသွားပြီဆိုရင်တော့ ကောင်းနေတဲ့ tab မလိုတော့ပါဘူး။ 
ကောင်းနေတဲ့ tab ကို driver သွင်းရန် စတပ်တဲ့အနေအထားပါ။ မသိဘူးဆိုရင်တော့ အောက်က အဆင့်တွေ ဆက်လုပ်ပါ့မယ်။
pad net ကို install လုပ်ပါ့မယ်။




အားလုံးတင်ပြီးသွားလို့ tab ကို ကွန်ပျူတာက မသိဘူးဆိုရင်တော့ ကွန်ပျူတာကို Restart ချလိုက်ပါ ပြန်တတ်လာရင်သိပါပြီခင်ဗျာ ... :D
နောက်တစ်ဆင့်အနေနဲ့ Tab ကို Firmware ပြန်တင်ပေးမဲ့ livesuit ကို Install လုပ်လိုက်ပါ။ လုပ်ပြီးသွားရင်တော့  livesuit ဖိုဒါထဲမှာ firmware img ဖိုင်ကို သွားထည့်ပေးထားပါ။ ခုတင်ပေးထားတဲ့ firmware မိမိရဲ့ tablet firmware က ကိုက်ညီမှုမရှိဘူးဆိုရင်တော့ firmware အမှန်ကို သွားဒေါင်းပါခင်ဗျာ ။ firmware အမှန်ဒေါင်းနည်းကတော့ tab ရဲ့ နောက်ကျောကိုကြည့်ပါ။ momo8 နောက်က တရုတ်စာကိုကြည့်ပြီး စာလုံးတူရင်ဒေါင်းလို့ရပါပြီ တရုတ်စာတော့မတတ်ဘူးပေါ့နော် စာလုံးချင်းတိုက်ကြည့်ပြီး တူတဲ့ ဟာကိုသာဒေါင်းပါ ကျွန်တော်တော့ အဲဒီနည်းလမ်းနဲ့ အလုံးတော်တော်များများ တင်ဒါအဆင်ပြေပါတယ်။ ဒေါင်းရမဲ့ ဆိုက်လိမ်စာကတော့ ployer.cn ပါ။
ခုဆိုရင် livesuit install လုပ်နည်းလေးနဲ့ fimware သွားထည့်ရမဲ့နေရာကို ပြောပြပါ့မယ် အတတ်နိုင်ဆုံး ရှင်းရှင်းလေးလေး နဲ့ နားလည်အောင်ကြိုးစားပြီး ရေးပေးပါ့မယ် လိုအပ်ချက်များရှိရင်လည်းခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေခင်ဗျာ။
livesuit ကို zip ဖြည်လိုက်ပါ။ ရလာသောဖိုင်ကို C အောက်မှာသွားထားလိုက်ပါ။အထဲမှာပါတဲ့အထဲက သုံးမျိုးကို တဆင့်ချင်းလုပ်ဆောင်ပါ။
 


ဒေါင်းထားတဲ့ firmware img ကိုပါ livesuit folder ထဲက update ဖိုဒါထဲကိုထည့်ထားလည်းရပါတယ်။
firmware တင်ဖို့ပြင်ဆင်ပါတော့မယ် စက်မှာ run ထားတဲ့ anti virus ဆော့ဝဲလ်များရှိရင် ပိတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။
livesuit icon လေးကို အရင်ဆုံးဖွင့်လိုက်ပါတယ် seleted img ကို နှိပ်ပြီး firmware ကိုရွေးပါ။



 livesuit ထဲကို firmware img ထည့်ပြီးသွားရင်တော့ အားအပြည့်သွင်းပြီးပါဝါပိတ်ထားသော firmware ပြန်တင်မဲ့ tab ကို Vol + နှိပ်ပြီး ကွန်ပျူနဲ့ချိတ်ပါ ခလုပ်လွတ်လို့မရပါဘူးခင်ဗျာ။ ခဏတော့စောင့်ပါ Driver သိမသိ ကြည့်လိုက်အုံး Driver သိပြီးသားဆိုရင်တော့ ပါဝါခလုပ်ကို ၁၀ ချက်နှိပ်ပေးလိုက်ပါ။ vol + ကိုနှိပ်ထား ရင်းနဲ့ ပါဝါခလုပ်ကိုပါ နှိပ်ပေးရမှာပါ။ ပါဝါခလုပ်ကိုနှိပ်တဲ့နေရာမှာလည်း အရမ်းမနှေးပါစေနဲ့ ခပ်မြန်မြန်လေး မှတ်ပြီး ၁၀ ချက်နှိပ်လိုက်ပါ။ menu ခလုပ်ပါသော momo Tablet များကိုတင်ရင်တော့ menu ခလုပ်ကို ဖိပြီးကွန်ပျူတာနဲ့ချိတ်ရမှာပါ ။momo8 မှာ menu ခလုပ်ကိုနှိပ်ပြီး ထိုးပါ။ momo9 ဆိုရင်တော့ vol + နှိပ်ပြီး ထိုးပါ။ ကျန်တာတွေကတော့ ဒီနည်းလေးအတိုင်းပါပဲ momo အားလုံးကိုတင်လို့ရပါတယ် ကျွန်တော် momo 11 အထိတင်ပြီး စမ်းပြီးသားမို့ စိတ်ချလက်ချလုပ်ဆောင်နိုင်ပါတယ်။ တင်ချင်တဲ့ firmware ကိုတော့ ployer.cn မှာစိတ်ကြိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ နောက်ကျောက တရုပ်စာလေးကြည့်ပြီးတော့သာဒေါင်းပါ အဆင်ပြေပါတယ်။
 အပေါ်ကပုံမျိုးလေးပေါ်လာရင်တော့ firmware တင်လို့ရပါပြီ မပေါ်ရင်တော့ နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ပါ။ ရသွားရင်တော့ အောက်အဆင့်တွေ ဆက်လက်လုပ်ဆောင်လုပ်ပါ။


  ခုလိုမျိုးလေးပေါ်လာရင်တော့ firmware တင်တာအောင်မြင်ပါပြီ firmware မှားတင်မိရင်လည်း ပြသနာမရှိပါဘူး မှန်တဲ့ firmware ပြန်ရှာပြီး ဒီနည်းလေး အတိုင်းပြန်တင်လိုက်ပါ။ အားလုံးအဆင်ပြေသွားမှာပါ။ ခုလောက်ဆိုရင်တော့ သူငယ်ချင်းအားလုံး အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ လာရောက် အားပေးကြတဲ့သူငယ်ချင်းအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။