Translate

Thursday, May 23, 2013

သိထားဖို့ပါ

ဖုန်းတစ်လုံး ရေထဲ ကျသွားတဲ့အခါ သိထားသင့်တဲ့ အချက်များ



ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။
 သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့်
 ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။



ပါဝါမဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲစိုစို ပါဝါလုံးဝမဖွင့်မိဖို့ အရေးကြီး
ပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့်
ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါတယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့
ဖြစ်တတ် လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစို
ဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင်အဆင်ပြေပါသေးတယ်။
---

Friday, May 17, 2013

လျှပ်စစ် ဖော်မြူလာ

လေ့လာထားသင့်သည် လျှပ်စစ် ဖော်မြူလာ
**************************

 
Current တို့ Ampere တို့ Volt တို့ ဆိုတာ အခြေခံပညာ အထက် တန်းလောက်တုန်းက Physicဘာသာရပ်ထဲမှာ သင်ခဲ့ရတာပါ။ ဒါပေမယ့် ဒိ voltage formula၊ current formula တွေကို လက်တွေ့နယ်ပယ်နဲ့ ဆက်စပ်ပြီး ဘယ်လို အသုံးချမလဲဆိုတာက စဉ်းစားကြည့်စရာပါ။ အထူးသဖြင့် IT သမားတစ်ယောက်အနေနဲ့ ဒီ Electronic အခြေခံ formula တွေ သိကိုသိထားရမှာပါ။

ဥပမာ ကိုယ့်ကွန်ပျူတာရဲ့ power supply က 500 Watt ရှိတယ်ဆိုပါတော့။ ကိုယ့်ရဲ့ အိမ်သုံးမီတာကလာတဲ့ မီအားသည် computer system ရဲ့ သုံးစွဲ အားကို လက်ခံနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါ။

သံသယအဆင့်နဲ့ ရပ်မနေပါနဲ့။ ရှင်းရှင်းလင်းလင်း သိအောင် ကြိုးစားပါ။ ဘယ်လိုကြိုးစားရမှာတုန်း။အရမ်းကို ခက်ခဲပါတယ်။ အဟီး။ ဒီဆောင်းပါးလေး ကို အစကနေ အဆုံး နားလည်တဲ့အထိ ဖတ်ပေးလိုက်ပါ။
အားလုံး အဆင်ပြေ လွယ်ကူသွားပါလိမ့်မည်။

ပထမဦးဆုံး voltage၊ Ampere နဲ့ Watt တို့အကြောင်း ကို ပြန်နွေး လိုက်ကြ ရအောင်။Ampere ဆိုတာက current ရဲ့ Unit ဖြစ်ပါတယ်။ Current ဆိုတာက ဓာတ်အားပေးစက်ရုံရဲ့ Transformar ကနေ အိမ်သုံး မီတာကြားမှာ စီးနေတဲ့ လျှပ်စီးကို ပြောတာ ဖြစ်ပါတယ်။ အဲဒီလျှပ်စီး အားတွေကို Transformaer ကနေ အိမ်သုံးမီတာ ဆီရောက်အောင် အားတစ်ခုနဲ့တွန်းပို့လိုက်ပါတယ်။ အဲဒီ တွန်းပို့လိုက်တဲ့အားကို Voltage လို့ခေါ်ပါတယ်။ သူ့ရဲ့ Unit ကတော့Volt(V)ပါ။ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ Volt အားသည် 220 Volt ရှိပါတယ်။ ဘာကြောင့် ဒါကို ပြောရ သလဲဆိုလျင် အချို့နိုင်ငံတွေမှာ 110 Volt သုံးနေလို့ပါပဲ။


ဒီအဆင့်မှာ Transformer က တွန်းပို့လိုက်တဲ့ လျှပ်စီးအားတွေဟာ အိမ်သုံးမီတာဆီကို ရောက်ရှိလာပါပြီ။ အိမ်သုံး မီတာကနေမှတဆင့် ကျွန်တော်တို့ သုံးစွဲလိုက်တဲ့ လျှပ်စီးအားတွေကို Watt လို့ခေါ်ပါတယ်။ကဲ အစကို ပြန်သွား လိုက်ရအောင် ကွန်ပျူတာရဲ့ power supply က 500 Watt သုံးမယ်။ အိမ်သုံးမီထာမှာvolt အားက 220 အပြည့် ရှိမယ်။ ကျွန်တော်တို့ Ampere ဘယ်လောက်သုံးနိုင်သလဲ။Watt ရယ်၊ Volt ရယ် Ampere ရယ် ဒီသုံးခုရဲ့ ဆက်သွယ်ချက် formula ရှိပါတယ် ။ အောက်မှာဖော်ပြထားပါတယ်။


Watts = Ampere x Volts


ဒီ formula ကနေ watts ကို တွက်ထုတ်နိုင်ပါယ်။ Ampere နဲ့ Volt ပေါင်း ကိုလည်း တွက်ထုတ်နိုင်ပါတယ်။

အပေါ်က formula ကိုသုံးပြီးတွက်လို့ရပါတယ်။ ညီမျှခြင်းကိုတော့ နည်းနည်း ပြောင်းရပါလိမ့်မယ်။ မူရင်းညီ မျှခြင်းက Watts သည် Ampere နဲ့ Volt ရဲ့ မြှောက်လဒ်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ Ampereကို လိုချင်တဲ့အခါ watts ကို voltage နဲ့ စားရပါလိမ့်မယ်။ ဒီအခါမှာ formula သည် watts/volts=Ampere ဆိုပြီး ဖြစ်သွား ပါလိမ့် မယ်။ ညီမျှခြင်းမှာ watt နဲ့ Ampere သည် တိုက်ရိုက် အချိုးကျပါတယ်။ Ampere နှင့်volts သည် ပြောင်းပြန် အချိုး ကျပါတယ်။


အဓိပ္ပါယ်က သုံးစွဲတဲ့ watt အားများလေလေ Ampere ဆွဲအား များလေလေ ဖြစ်ပြီးတော့ voltအားများလေလေ Ampere ဆွဲအား နည်းလေလေ ဖြစ်ပါတယ်။ရှုပ်သွားပြီလား။နောက်တစ်နည်း ပြန်ရှင်းပြပါမယ်။ ကိုယ်က watt နည်းနည်းပဲသုံးလျင် ampere နည်းနည်းပဲရှိမှာပါ။ မီတာမှာရှိနေတဲ့ volt အားနည်းနေပြီ ဆိုရင်တော့ Ampere ဆွဲအားများနေ မှာ ဖြစ်ပါတယ်။ အဲဒီတော့ Ampere တိုးလာမှာပေါ့။ ဒါဆို volt အားကျနေ ပြီဆိုလျင် Ampere များမယ်။ ကိုယ်သုံးစွဲလိုက်တဲ့ wattအားလည်း တက်လာမယ်။ ဒီတော့ volt အားကျနေတဲ့ အချိန်မှာ ကိုယ်သုံးတဲ့ watt အားကိုလည်း မလျှော့ဘဲသုံးနေတယ်ဆိုလျင် မီတာ ပိုတက်မှာပေါ့။


ဘာကြောင့် Ampere ကို အဓိကထားပြီး ရှင်းနေရတာလဲ။ ဒီလိုမေးရင် အဖြေရှိပါတယ်။ အိမ်သုံးမီတာသည် ပျမ်းမျှခြင်းအားဖြင့် 20 Ampere ထက်ပိုသော လျှပ်စီးအားကို ခံနိုင်ရည်မရှိလို့ပါ။ ကိုယ့်အိမ်မှာရှိတဲ့ ကွန်ပျူတာ အပါအ၀င် TV၊ ရေခဲသေတ္တာ အစရှိတဲ့ လျှပ်စစ်ပစ္စည်းပေါင်း စုံကနေ 20 Ampere ထက်ကျော်သုံး မိတယ်ဆို လျင်တော့ အဲဒီပစ္စည်း အတွက် မီးအားအပြည့်အ၀မရရှိမှုနဲ့ Short ဖြစ်ရင်ဖြစ်၊ အဲလိုမှ မဟုတ် လျင်တော့ မီတာလောင်ပြီလို့သာ သတ်မှတ်လိုက်ပါတော့။


ဥပမာ ပုစ္ဆာတပုဒ်တွက်ကြည့်ရအောင်။ အပေါ်ကပြောသလိုပဲ Power Supply 500 watt ရှိတဲ့ ကွန်ပျူတာ တစ်လုံး ဟာ volt အား 220 မှာ Ampere ဘယ်လောက်ဆွဲနိုင်သလဲဆိုတာ တွက်ကြည့်ကြရအောင်။ အပေါ်ကပြောင်းထား တဲ့ formula ကို ဖြန့်ချရေးကြည့်မယ်။ Ampere ကို လိုချင်လျင် Ampere =watt/volt ဆိုတော့ Ampere=500/ 220 (Ampere=2.27) 2.27 Ampere ရပါတယ်။ 20 Ampere ပြည့်ဖို့အများကြီး လိုနေသေးတာပဲဆိုပြီး ၀မ်းမသာ လိုက်ပါနဲ့ဦး။ဖြုန်းဆို မီးအားက ကျသွားပါလေရော။ မီတာမှာ ကြည့်လိုက်တော့ 180 volts တဲ့။ ပြန်တွက်ကြည့်ကြတာပေါ့လေ။


Ampere=watt/volt =500/180 =2.78


2.78 Ampere ကို ရောက်သွားပါရောလား။ ကိုသုံးလိုက်တဲ့ လျှပ်စစ်ပစ္စည်းပေါင်းစုံက Ampere ဆွဲအားသည် တွက်ကြည့်လိုက်လို့ 20 Ampere ထက်ကျော်နေပြီ ဆိုလျင်တော့ တစ်ခုခုကိုလျှော့ပစ်လိုက်ဖို့လိုအပ်ပါပြီ။ Internet ဆိုင်တစ်ခုမှာ အနည်းဆုံး သူ့မှာ ကွန်ပျူတာအရေအတွက် (၁၂)လုံးရှိတယ်ဆိုပါစို့။စက်တစ်လုံးကို 2.27A သုံးမယ်ဆိုလျင် စက်(၁၂)လုံးကို 27.24 Ampere ဖြစ်နေပြီလေ။

ကဲ ပြည့်စုံသလောက်လည်း ရှိပြီဆိုတော့ ဆောင်းပါးလဲ ဒီမှာ အဆုံးသတ်ပါပြီ။


 from sayar Zaw Lin(youth)
www.youth-it-technican.blogspot.com

facebook မှ Video ဖိုင်တွေကိုဘယ်လိုဒေါင်းမှာလဲ

free message

ဖုန်းတွေကို အင်တာနက်ကနေ မက်ဆေ့( SMS) ပို့ ချင်ရင်(မြန်မာ လည်းရ၏)


ဒါလေးကတော့ အင်တာနက်သုံးရင်းနဲ့ ဖုန်းတွေကို မက်ဆေ့ပို့ လို့ ရတဲံ ဆိုဒ်လေးပါ

အသုံးပြုပုံက  အဲ့ဆိုဒ်ကိုဖွင့်လိုက်၊ နိုင်ငံရွေး ၊ဖုန်းနံပတ်ရိုက်ပြီး အလွယ်တကူပို့ လို့ 

ရပါတယ် မြန်မာကိုလည်း ပို့ လို့ ရပါတယ် စာလုံးရေကန့် သတ်ချက် ၅၀၀ ရတယ်

Register လုပ်ရင်တော့ အထွက်မက်ဆေ့တွေ ပြန်ကြည့်လို့ ရပါကြောင်း.............။


ဒီလင့်ကိုနှိပ်ပြီးသွားပါ - http://www.freemasti.me/Compyter to Phone SMS

.

Window တင်နည်း

USB Stick နဲ့ Window 7 တင်နည်း


Window 7 ကို ကျနော်တို USB Stick ကနေတင်တဲ့နည်းလေးပါ။အခွေနဲတင်တာနဲ USB Stick တင်တာဘာကွာလဲဆိုတော့ USB Stick နဲတင်တာက ပိုပြီး အလုပ်မြန်မြန်ပြီးပါတယ်။နောက်ပြီး ကွန်ပျုတာက DVD Rom ကိုလည်း သက်သာစေပါတယ်။တစ်ချို ROM မရှိတဲ့ စက်တွေကို စတစ် နဲတင်လိုရပါတယ်။ကျနော်ကိုယ်တိုင်တင်တာ ဆယ့်ငါးမိနစ်ပဲကြာပါတယ်။
စတစ်မှာတင်ဖိုအတွက် ကျနော်တို လိုအပ်တာတွေကတော့

USB Stick 4GB အလွတ်တစ်ခု
Window 7 ISO ဖိုင်
Window 7 USB Tool လေးပါ။
Windows 7 USB Tool
ဆော့ဝဲကိုအင်စတောလုပ်လိုက်ပါ။အားလုံးပြီးသွားရင် Desktop မှာ Icon လေးပေါ်လာပါလိမ်မယ်။
အဲ့ ကောင်လေးကို Click လုပ်ပြီး ဖွင့်လိုက်ပါ။
Windows 7 USB TOol ISO select
ကျနော်တို Window 7 ISO ဖိုင်ရှိတဲ့နေရာကိုရွေးပေးလိုက်ပါ
ကျနော်တိုက ဒီနေရာမှာ USB Device ကိုရွေးပေးလိုက်ပါ။DVD နဲ ဘမ်းမယ်ဆိုလည်းရပါဒယ်။
နောက်တစ်ဆင့်မသွားခင်ကျနော်တို USB Stick အလွတ်လေးကို ကွန်ပျုတာမှာ ထိုးထားလိုက်ပါ။
အခုဆို ကျနော် Stick နာမည်လေးနဲတပ်လာပါပြီ။ဒီလိုပြနေရင် Begin Copying လုပ်လိုက်ပါ။ 100% ပြည့်သွားတဲ့အထိစောင့်နေလိုက်ပါ။
100% ပြည့်သွားပြီဆို Run နေတဲ့ ဆော့ဝဲလေးကိုပိတ်လိုက်ပါ။
My Computer ထဲကိုသွားကြည့်လိုက်ပါ။
အဲ့လိုလေးပေါ်နေပါလိမ်မယ်။ဒီလိုဆိုကျနော်တို Stick ထဲဝင်လိုက်ပါ။
Windows 7 USB Drive Version Tweak
အပေါ်မှာပြထားတဲ့လမ်းကြောင်းအတိုင်းသွားပြီးတော့ "ei.cfg" ဖိုင်လေးကို Delete လုပ်လိုက်ပါ။
ဒီလိုဆိုကျနော်တို Window 7 ကို USB စတစ်နဲ တင်လိုရပါပြီ။ကိုယ်တင်မယ်ကွန်ပျုတာမှာ 
Boot Option ကို USB လိုရွေးပြီး ၀င်းဒိုးတင်နိုင်ပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ.............................
Downloading From dropbox
Downloading From mediafire

Hardware

Nokia Hardware Picture Help



Nokia Hardware Picture Collection စုစည်းမှုဖြစ်ပါတယ် JPEG ဖိုင်းလေးတွေပဲစုစည်းထားပါတယ်






Download

ziddu

Knowledge

SIM Card အကြောင်း သိကောင်းစရာ


SIM Card အကြောင်း သိကောင်းစရာ

SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriberတွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI)တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module)ရဲ့အတိုကောက်ပါ။ လွယ်လွယ်ကူကူသယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM(GlobalSystem forMobile Communications)network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။ SIM Card တွေကိုH1,H2,H3,H4 ဆိုပြီးအမျိုးအစားလေးမျိုးခွဲခြားထား ပါတယ်။

H1=NormalNetwork H2=BetterNetwork,Means Strong H3=More BetterNetwork,Means Stronger H4=Normal,Better,More BetterIs Nothing In Front OF This Sim

များသောအားဖြင့်တော့ H4SIMတွေကိုအဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်းကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIMတွေထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ဖြစ်ပါတယ်။ ကိုယ်ဘယ်SIM card အမျိုးအစားကိုအသုံးပြုနေသလဲ သိချင်ရင်SIM card ရဲ့ ကျောဘက်မှာပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။ SIM card အရွယ်အစားအမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ်micro-SIM cardတွေကိုအသုံးပြုပါတယ်။mini-SIM ရဲ့အရွယ်အစားက25mm x15 mm ရှိပြီး micro-SIM ကတော့15 mm x 12mm ရှိပါတယ်။card အရွယ်အစားအားလုံးဟာ 0.76 mm အထူရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာပါဝင်တဲ့ microchip က အရွယ်အစားနဲ့လုပ်ဆောင်ပုံအတူတူပဲဖြစ်တဲ့အတွက် အရွယ်အစားသေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာတပ်ဆင်ရင်) card အကြီးသုံးတဲ့ ဖုန်းတွေမှာပါသုံးစွဲနိုင်ပါတယ်။ SIM cardတွေမှာ User ရဲ့အချက်အလက်တွေနဲ့ call log တွေ ဖုန်းအ၀င်အထွက်မှတ်တမ်းတွေကိုတခြားသူတွေမသိရှိနိုင်စေမယ့် လုံခြုံရေးအစီအမံတစ်ရပ်လည်းပါဝင်ပါတယ်။SIM card ကိုlock ချထားနိုင်ပြီး PIN လို့ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင်ကိုယ့်ဖုန်းအခိုးခံရရင်တောင်PIN ကိုမသိဘဲ SIM card ကိုအသုံးပြုနိုင်မှာ မဟုတ်သလို(SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း ရယူနိုင်မှာမဟုတ်ပါဘူး။