Translate

Sunday, May 12, 2013

Our Knowledge......

How Can We Charging Mobile Battery

ဖုန်းတစ်လုံး အသစ်ဝယ်ပြီး စသုံးမယ့် အချိန်နဲ့ နောင်အချိန်တွေမှာ
Battery ကိုဘယ်လောက်အချိန်ကြာကြာ အားသွင်းသင့်တယ် ဆိုတာကို
အတော်များများ မသိကျပါဘူး။
 

 ဖုန်းတစ်လုံးဝယ်တော့ ဖုန်းဆိုင်အတော်များများ က စမသုံးခင် 8:00
လောက် အားသွင်းပြီးမှသုံးပါ လို့ မှာတာ အတော်များများ တွေ့ ဖူးတယ်။
ဘာကြောင့် အဲလိုသွင်းရသလဲ ????   မေးရင် အတိအကျပြန်မဖြေနိုင်ကျပါဘူး။
အဲဒီတော့ USER တွေက အဲဒီညတစ်ညလုံး အားသွင်းလိုက်ပါရော။
8:00 ဆိုတဲ့ကြာမြင့်မှုက တစ်ညလုံး နီးပါးလောက် ကြာနေတာ ကို။
ဒီမှာတင်ပဲ USER တွေက တစ်ညလုံးအားသွင်းလဲ ကိစ္စမရှိပါဘူး ဆိုတဲ့အတွေး
နဲ့ အလုပ်အား အလုပ်နားတဲ့ အချိန် ညပိုင်းမှာပဲ တစ်ညလုံး အားသွင်းပြီး
အိပ်လေ့ ရှိကျပါတယ်။ မလုပ်သင့်ပါဘူး။ ဖုန်းကလဲ တန်ဘိုးကြီးပဲ Charger ကလဲ
Original အားပြည့်ရင် Auto ဖြတ်တဲ့ စနစ်တွေ ပါတယ် အားပြည့်ရင် Charger တွေက
ဆက်အလုပ်မလုပ် တော့ ဘူး လို့ ထင်နေကျတယ်။ 
အခြား နိုင်ငံတွေမှာ ဖြစ်နိုင်စွမ်းရှိပေမယ့်မြန်မာနိုင်ငံမှာ တော့ မဖြစ်နိုင်ပါဘူး။  
________မြန်မာနိုင်ငံမှာ အသုံးပြုနေကျတဲ့ လျှပ်စစ်ထုတ် ပစ္စည်း များအကြောင်း________
   
    Electric City  ( အိမ်သုံးလျှပ်စစ် )
__မီးလာနေတဲ့ အချိန်တွေမှာ Voltage Loses/ Frequency Loses တွေရှိနေပါတယ်။
__မီးပျက်ရတဲ့ အကြောင်းရင်းတွေက တော့
    ( 1 ) Over Load ( အလွန်အမင်း အသုံးပြုမှု များနေခြင်း )
    ( 2 ) Voltage Loses ( ဗို့ အား ကျဆင်းခြင်း )
    ( 3 ) Frequency Loses ( frequency Hz မတည်ငြိမ်ခြင်း )
အစရှိတဲ့ အကြောင်းအချက်တွေကြောင့် တခါတလေ မှာ LDC ရုံးချုပ်မှ မဖြစ်မနေ ဓါတ်အားဖြတ်တောက်
ရပါတယ်။ မြို့ တွေက ဓါတ်အားပေးခွဲရုံ တွေမှာဆိုရင် System break down / Default စတာတွေဖြစ်ပြီး OCB တွေ ပြုတ်ကျတယ်လေ။ OCB ဆိုတာက Oil Circuit Breaker ပါ။
Frequency / Voltage / Ampere တွေက သီအိုရီတွေ အရ တိုက်ရိုက် အချိုးကျ သက်ရောက်မှုရှိနေတာကြောင့် ဖုန်းတွေကို တစ်ညလုံး Charging သွင်းခြင်းမှ ရှောင်သင့်ပါတယ်။


Electric Generator  ( မီးစက် )
__အိမ်သုံး Generator တွေမှာ Syncronization ဆိုတဲ့ ပြေပြစ် လိုက်လျောညီထွေမှုရှိ အောင် ဆွမ်းဆောင်နိုင်တဲ့ System တွေ မပါရှိတာရယ်။ ပါရှိနေသော်ငြားလည်း အပြည့်အဝ မစွမ်းဆောင်နိုင်တာရယ်။
__ Hz UV Meter မပါရှိတော့ Frequency ကိုအတိအကျ မသိရှိနိုင်တာရယ် စတဲ့ ပြစ်ချက်တွေကြောင့် စိတ်ချရမှု မရှိပြန်ပါဘူး။
Inverter ( Battery မှ လျှပ်စစ်စွမ်းအင် )
__ အိမ်သုံး လျှပ်စစ်ရဲ့ Wave Form က Sine Wave ဖြစ်ပြီး Inverter ကထုတ်ပေး တဲ့ Wave Form ကတော့ 
Square Wave ကို Sine Wave  ဖြစ်အောင် ပြောင်းလဲထားတာပါ။ နားလည်လွယ်အောင်ပြောရရင် 
Sine Wave က ရေလှိုင်းပုံ ရှိပြီး Square Wave က လေးထောင့်စပ်စပ်
    ဆိုတော့ Sine Wave နဲ့ တူအောင် ထောင့်ချိုးလေးတွေ ကို အနား သတ်ပေးဘို့  
AC Output မှာ Resistor နဲ့  Condenser နှစ်လုံးကို
    Series ဆက်ပြီး 220V ထွက်တဲ့ Output ကို ခွဆက်ပေးထား တာပါ။ အဲဒီတော့ Inverter ကကော စိတ်ချရပါသလား။
 



 
______Mobile Phone Battery တွေ ကို ဘယ်လို Charging သွင်းကျမလဲ______
__ Power Saver System ပါတဲ့ ဥပမာ- Nokia 86 8MP ဖုန်းမျိုးစားတွေကတော့ ကြာချိန် 2:30 လောက်သွင်းသင့်ပါတယ်။
     အကြောင်းကတော့ ဖုန်းကို စတင်အသုံးပြု တဲ့ အချိန်ရဲ့ Charging Time ကို Software ကမှတ်သားထားပါတယ်။
     တကယ်လို့  အဲဒီလို Charging မလုပ်မိဘူးဆိုရင် အဲဒီ Battery က ဘယ်လောက် အားဖြည့်ဖြည့် ပြည့်ပေမယ့် အသုံးမခံတော့ပါဘူး။
__ အခြား ဖုန်းတွေကတော့ ပုံမှန်ပဲ Charging လုပ်ပေးပါ။ Battery တစ်လုံးမှာ Charging အကြိမ်ရေ သတ်မှတ်ချက်ရှိပါတယ်။
    ဘယ်အမျိုးစားမှာပဲဖြစ်ဖြစ်ပါ။ အဲဒီတော့ Battery ကို အနည်းဆုံး 20% ရောက်မှပဲ Charging လုပ်စေချင်ပါတယ်။
__ တစ်ညလုံးအားသွင်းရင် Battery သာမက ဖုန်းပါ ဆုံးရှုံးနိုင်ပါတယ်။ ပြစ်ချက်တွေကတော့ Charging မရတော့ရင် 
Main Power IC/ Aux Power IC လဲရတာတွေထိရှိပြီး တချို့ မှာဆို လုံးဝ ပြုပြင်လို့ မရတော့ပါဘူး။

ဖုန်းအသုံးပြု သူ အားလုံး အသိဥာဏ်ကြွယ်ဝ နိုင်ပါစေလို့  ဆန္ဒ ပြုလိုက်ပါတယ်။
ကျွန်တော် ရေးသားသော Hardware post များအား အခြားသော ဆိုဒ် များတွင် Sharing ပြုလုပ်နိုင်ပါသည်။ ဒါပေမယ့် Credit လေးတော့ ပင်ပန်းရကြိုး နပ်စေဖို့ ရာ ပေးပါရန် သတိပေးပါသည်။

 

No comments:

Post a Comment