Translate

Tuesday, November 5, 2013

၁၅၀၀ တန်ဖုန်းများအခက်အခဲဖြစ်ပေါ်ပါက

 

ဧပြီလ ၂၄ ရက်နေ့တွင် စတင်ရောင်းချပေးခဲ့သည့် ငွေကျပ် ၁၅၀၀ ကျပ်တန် CDMA 800MHz သုံး ဖုန်းများအတွက် အခက်အခဲ တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ဆက်သွယ်မေးမြန်းနိုင်ရန်အတွက် ဖုန်းနံပါတ် ၃၄၅၆ ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။ အဆိုပါ ဖုန်းနံပါတ်ဖြစ်သော ၃၄၅၆ ကို ခေါ်ဆိုမေးမြန်းလိုပါက ဧပြီလက ချပေးထားသည့် MECTEL အမှတ် တံဆိပ်ပါသော CDMA 800MHz ဖုန်းများဖြင့်သာ ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်းသိရပါသည်။ အဆိုပါ ၃၄၅၆ ကို အခြားဖုန်းများဖြစ်သော ၁၅ သိန်းတန် ဖုန်များ၊ ၅ သိန်းတန်ဖုန်းများ၊ ၂ သိန်း၊ ၂သိန်းခွဲတန်ဖုန်းများ အပြင် အခြားသော ကြိုးဖုန်းများပါ ခေါ်ဆိုနိုင်မည် မဟုတ်ကြောင်း သိရပါသည်။ ထိုကဲ့သို့ ခေါ်ဆိုမှုများနှင့် ပက်သက်ပြီး ၃၄၅၆ ကို ဆက်သွယ်မေးမြန်းရာမှာ “ ဟုတ်ပါတယ်။ ဒီဖုန်းနံပါတ်က MECTEL အမှတ် တံဆိပ်ပါသော CDMA 800MHz မိုဘိုင်းဖုန်းတွေအတွက် သီးသန့် ၀န်ဆောင်မှုများပေးထားတာပါ။ အခြားဖုန်းတွေအတွက်တော့ ခေါ်ဆိုမေးမြန်းတာတွေတော့ ရမှာမဟုတ်ပါဘူး။ MECTEL အမှတ် တံဆိပ်ပါတဲ့ ဖုန်းတွေအတွက်ပဲ ၀န်ဆောင်မှုပေးတာပါ။ ဒီနံပါတ်ကို ခေါ်မယ်ဆိုရင်လည်း MECTEL အမှတ် တံဆိပ်ပါတဲ့ ဖုန်းကနေပဲ မေးလို့ရမှာပါ။ တကယ်လို့ အခြားဖုန်းကနေ MECTEL အမှတ် တံဆိပ်ပါ ဖုန်းကိစ္စနဲ့ ပက်သက်ပြီး မေးမယ်ဆိုရင်တော့ ကြိုးဖုန်းများကို သီးသန့်စိစဉ်ပေးထားပါတယ်။” ဟုပြောကြားခဲ့ပါတယ်။ အကယ်၍ မိမိမှာရှိသော ၁၅၀၀ ကျပ်တန်ဖုန်းများဖြစ်သော CDMA 800MHz တန်ဖုန်းများဖြင့် ဆက်သွယ်မှု မပြုနိုင်ပဲ အခြားဖုန်းများဖြင့် ခေါ်ဆိုမည်ဆိုပါက
 ဖုန်း ၀၁ - ၆၅၆၉၉၄ ၊ ၀၁ - ၆၅၆၉၉၅ ၊ ၀၁ - ၆၅၆၉၉၆ တို့ကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရပါတယ်။
 မူရင်းလင့်က ဒီမှာ နော်။

 ရေးသားသူ - ကိုတူး

No comments:

Post a Comment