Translate

Monday, May 13, 2013

Android ပေါ်က Game တွေကို PC ပေါ်မှာ ကစားနိုင်ပြီ

Android ပေါ်က Game တွေကို PC ပေါ်မှာ ကစားနိုင်တဲ့ Windows Android v4.0.3 
(it minminဆိုဒ်မှကူးယူဖော်ပြသည်။)

http://exceptnothing.com/wp-content/uploads/2012/10/play-android-games-on-computer.png

                  ဒီ Post လေးကိုတော့ သဘောကျကြမယ်ထင်ပါတယ်။ Android ပေါ်မှာ ကစားတဲ့ Game
တွေက တော်တော်ကစားလို့ကောင်းပါတယ်။ တချို့သူငယ်ချင်းတွေကလည်း အဲဒီ Game တွေကို PC
ပေါ်မှာကစားချင်တယ်ဆိုပြီးတောင်းထားဖူးပါတယ်။ အခု Windows Android v4.0.3 ဆိုတဲ့ Software
လေးကို တွေ့လာတော့ Android ပေါ်က Game တွေကို PC မှာ ကစားနိုင်ပြီပေါ့ဗျာ။ ဒီ Software ရဲ့
System Requirement ကတော့ Window 7 , Vista နဲ့ Window 8 တို့ဖြစ်ပါတယ်။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "SKIP AD ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Viber ကို PC ပေါ်မှာ အမှန်တကယ်သုံးနိုင်ပြီ

Viber ကို PC ပေါ်မှာ အမှန်တကယ်သုံးနိုင်ပြီ (Video Call ပါခေါ်နိုင်သည်။)

 
အခုနောက်ပိုင်းလူသုံးများလာတဲ့ Viber ကို PC မှာ အမှန်တကယ်ခေါ်နိုင်ပါပြီဗျာ။ အရင်တုန်းကလည်း PC
မှာသုံးဖို့ဆိုပြီး ကျွန်တော်တင်ပေးဖူးပါတယ်။ တော်တော်များများအဆင်မပြေပါဘူး အခုအခါမှာတော့ Viber
ကနေပြီးတော့ Bata Version အနေနဲ့ တရားဝင်ထုတ်ပေးလိုက်ပါပြီဗျာ။ Window XP , 7 , Vista , 8 အား
လုံးမှာ အသုံးပြုနိုင်ပါတယ်ဗျာ။ Account Activate လုပ်နည်းကတော့ ဖုန်းမှာ လုပ်သလိုပါဘဲလွယ်ကူပါ
တယ်။ အခု PC Version မှာတော့ Video Call ပါ ထည့်သွင်းထားပါတယ်ဗျာ။ သူငယ်ချင်းအားလုံးစိတ်ဝင်
စားကြလိမ့်မယ်လို့ထင်ပါတယ်။
  • Best-quality HD voice calls
  • Video calls
  • Free text and photo messages
  • Group conversations
  • No registration, passwords or invitations required
  • Contacts and messages sync between your mobile and Windows
  • Transfer ongoing calls between devices

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။



Sunday, May 12, 2013

BUMP

BUMP ထုကြရအောင် 


bump ဆိုတာ idevice <>android <> computer တို့အကြား သီချင်း ပုံ ဖိုင် စတာတွေကို အလွယ်တကူ လွှဲပြောင်းလို့ရတဲ့ နည်းလေးတစ်ခုပါပဲ။ လွှဲပြောင်းမဲ့ စက်တွေမှာတော့ အင်တာနက် ကော်နက်ရှင် ရှိရပါတယ်။ ဝိုင်ဖိုင်နဲ့ဆို လဲ အဆင်ပြေပါတယ်။ 
bump လေးကို သွင်းပီးရင်  apps လေးကိုဖွင့် လွှဲမဲ့ ဖိုင်လေးကို မှတ်ပီး device နှစ်ခု တိုက်လိုက်တဲ့ အခါမှာ အလွယ်တကူ လွှဲ ပြောင်းနိုင်ပါတယ်။
ကွန်ပျူတာနဲ့ လွှဲမယ်ဆိုရင် ကွန်ပျူတာ ဘရောက်ဇာကို http://bu.mp ကိုဝင်ကာ ဖုန်းကို space bar လေးပေါ်ကို တစ်ချက်ပုတ်ချ လိုက်ခြင်းဖြင့် လွှဲပြောင်းနိုင်ပါတယ်။
bump for idevice http://www.mediafire.com/?yqvldgf4cfv86qq
bump for android http://www.mediafire.com/?rzt3ke771zenzke

Our Knowledge......

How Can We Charging Mobile Battery

ဖုန်းတစ်လုံး အသစ်ဝယ်ပြီး စသုံးမယ့် အချိန်နဲ့ နောင်အချိန်တွေမှာ
Battery ကိုဘယ်လောက်အချိန်ကြာကြာ အားသွင်းသင့်တယ် ဆိုတာကို
အတော်များများ မသိကျပါဘူး။
 

 ဖုန်းတစ်လုံးဝယ်တော့ ဖုန်းဆိုင်အတော်များများ က စမသုံးခင် 8:00
လောက် အားသွင်းပြီးမှသုံးပါ လို့ မှာတာ အတော်များများ တွေ့ ဖူးတယ်။
ဘာကြောင့် အဲလိုသွင်းရသလဲ ????   မေးရင် အတိအကျပြန်မဖြေနိုင်ကျပါဘူး။
အဲဒီတော့ USER တွေက အဲဒီညတစ်ညလုံး အားသွင်းလိုက်ပါရော။
8:00 ဆိုတဲ့ကြာမြင့်မှုက တစ်ညလုံး နီးပါးလောက် ကြာနေတာ ကို။
ဒီမှာတင်ပဲ USER တွေက တစ်ညလုံးအားသွင်းလဲ ကိစ္စမရှိပါဘူး ဆိုတဲ့အတွေး
နဲ့ အလုပ်အား အလုပ်နားတဲ့ အချိန် ညပိုင်းမှာပဲ တစ်ညလုံး အားသွင်းပြီး
အိပ်လေ့ ရှိကျပါတယ်။ မလုပ်သင့်ပါဘူး။ ဖုန်းကလဲ တန်ဘိုးကြီးပဲ Charger ကလဲ
Original အားပြည့်ရင် Auto ဖြတ်တဲ့ စနစ်တွေ ပါတယ် အားပြည့်ရင် Charger တွေက
ဆက်အလုပ်မလုပ် တော့ ဘူး လို့ ထင်နေကျတယ်။ 
အခြား နိုင်ငံတွေမှာ ဖြစ်နိုင်စွမ်းရှိပေမယ့်မြန်မာနိုင်ငံမှာ တော့ မဖြစ်နိုင်ပါဘူး။  
________မြန်မာနိုင်ငံမှာ အသုံးပြုနေကျတဲ့ လျှပ်စစ်ထုတ် ပစ္စည်း များအကြောင်း________
   
    Electric City  ( အိမ်သုံးလျှပ်စစ် )
__မီးလာနေတဲ့ အချိန်တွေမှာ Voltage Loses/ Frequency Loses တွေရှိနေပါတယ်။
__မီးပျက်ရတဲ့ အကြောင်းရင်းတွေက တော့
    ( 1 ) Over Load ( အလွန်အမင်း အသုံးပြုမှု များနေခြင်း )
    ( 2 ) Voltage Loses ( ဗို့ အား ကျဆင်းခြင်း )
    ( 3 ) Frequency Loses ( frequency Hz မတည်ငြိမ်ခြင်း )
အစရှိတဲ့ အကြောင်းအချက်တွေကြောင့် တခါတလေ မှာ LDC ရုံးချုပ်မှ မဖြစ်မနေ ဓါတ်အားဖြတ်တောက်
ရပါတယ်။ မြို့ တွေက ဓါတ်အားပေးခွဲရုံ တွေမှာဆိုရင် System break down / Default စတာတွေဖြစ်ပြီး OCB တွေ ပြုတ်ကျတယ်လေ။ OCB ဆိုတာက Oil Circuit Breaker ပါ။
Frequency / Voltage / Ampere တွေက သီအိုရီတွေ အရ တိုက်ရိုက် အချိုးကျ သက်ရောက်မှုရှိနေတာကြောင့် ဖုန်းတွေကို တစ်ညလုံး Charging သွင်းခြင်းမှ ရှောင်သင့်ပါတယ်။


Electric Generator  ( မီးစက် )
__အိမ်သုံး Generator တွေမှာ Syncronization ဆိုတဲ့ ပြေပြစ် လိုက်လျောညီထွေမှုရှိ အောင် ဆွမ်းဆောင်နိုင်တဲ့ System တွေ မပါရှိတာရယ်။ ပါရှိနေသော်ငြားလည်း အပြည့်အဝ မစွမ်းဆောင်နိုင်တာရယ်။
__ Hz UV Meter မပါရှိတော့ Frequency ကိုအတိအကျ မသိရှိနိုင်တာရယ် စတဲ့ ပြစ်ချက်တွေကြောင့် စိတ်ချရမှု မရှိပြန်ပါဘူး။
Inverter ( Battery မှ လျှပ်စစ်စွမ်းအင် )
__ အိမ်သုံး လျှပ်စစ်ရဲ့ Wave Form က Sine Wave ဖြစ်ပြီး Inverter ကထုတ်ပေး တဲ့ Wave Form ကတော့ 
Square Wave ကို Sine Wave  ဖြစ်အောင် ပြောင်းလဲထားတာပါ။ နားလည်လွယ်အောင်ပြောရရင် 
Sine Wave က ရေလှိုင်းပုံ ရှိပြီး Square Wave က လေးထောင့်စပ်စပ်
    ဆိုတော့ Sine Wave နဲ့ တူအောင် ထောင့်ချိုးလေးတွေ ကို အနား သတ်ပေးဘို့  
AC Output မှာ Resistor နဲ့  Condenser နှစ်လုံးကို
    Series ဆက်ပြီး 220V ထွက်တဲ့ Output ကို ခွဆက်ပေးထား တာပါ။ အဲဒီတော့ Inverter ကကော စိတ်ချရပါသလား။
 



 
______Mobile Phone Battery တွေ ကို ဘယ်လို Charging သွင်းကျမလဲ______
__ Power Saver System ပါတဲ့ ဥပမာ- Nokia 86 8MP ဖုန်းမျိုးစားတွေကတော့ ကြာချိန် 2:30 လောက်သွင်းသင့်ပါတယ်။
     အကြောင်းကတော့ ဖုန်းကို စတင်အသုံးပြု တဲ့ အချိန်ရဲ့ Charging Time ကို Software ကမှတ်သားထားပါတယ်။
     တကယ်လို့  အဲဒီလို Charging မလုပ်မိဘူးဆိုရင် အဲဒီ Battery က ဘယ်လောက် အားဖြည့်ဖြည့် ပြည့်ပေမယ့် အသုံးမခံတော့ပါဘူး။
__ အခြား ဖုန်းတွေကတော့ ပုံမှန်ပဲ Charging လုပ်ပေးပါ။ Battery တစ်လုံးမှာ Charging အကြိမ်ရေ သတ်မှတ်ချက်ရှိပါတယ်။
    ဘယ်အမျိုးစားမှာပဲဖြစ်ဖြစ်ပါ။ အဲဒီတော့ Battery ကို အနည်းဆုံး 20% ရောက်မှပဲ Charging လုပ်စေချင်ပါတယ်။
__ တစ်ညလုံးအားသွင်းရင် Battery သာမက ဖုန်းပါ ဆုံးရှုံးနိုင်ပါတယ်။ ပြစ်ချက်တွေကတော့ Charging မရတော့ရင် 
Main Power IC/ Aux Power IC လဲရတာတွေထိရှိပြီး တချို့ မှာဆို လုံးဝ ပြုပြင်လို့ မရတော့ပါဘူး။

ဖုန်းအသုံးပြု သူ အားလုံး အသိဥာဏ်ကြွယ်ဝ နိုင်ပါစေလို့  ဆန္ဒ ပြုလိုက်ပါတယ်။
ကျွန်တော် ရေးသားသော Hardware post များအား အခြားသော ဆိုဒ် များတွင် Sharing ပြုလုပ်နိုင်ပါသည်။ ဒါပေမယ့် Credit လေးတော့ ပင်ပန်းရကြိုး နပ်စေဖို့ ရာ ပေးပါရန် သတိပေးပါသည်။

 

Friday, May 10, 2013

CDMA 450 Phone တွေကို Software ရေးဖို့

CDMA 450 Phone တွေကို Software ရေးဖို့ QPST Tool


ကျွှန်တော်သိတာလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် အားလုံးပဲအဆင်ပြေအောင်လို့ပါ
ဒီတစ်ခါတော့ CDMA 450 ဖုန်းတွေတော်တော်များများကို Software ပြန်ထုပ်ပြီ ပြန်ရေးတဲ့ နည်းလေး
ကိုဖော်ပြပေးလိုက်ပါတယ် ဒီနည်းကတော့ ကျွှန်တော် သုံးတာတော့ ကြာပါပြီ CDMA 450 ဖုန်း
အားလုံးနည်းပါကို ရပါတယ်။ တခြား CDMA 800 တို့ GSM ဖုန်းတွေတော့ မစမ်းရသေးပါဘူး
အရင်ဆုံးလိုအပ်တဲ့ ဖိုင်တွေကိုအရင်ဒေါင်ထားပါ ။

QPST    >>>  download  <<< or  >>>  download  <<<  
Driver    >>> download  <<< or   >>>  download  <<<      

ဒေါင်ပြီရင်တော့ စလိုက်ရအောင် Computer မှာ Driver ကိုအရင် Run ထားပါ .။
အပေါ်ကဒေါင်ထားတဲ့ QPST_2.7.323_(2008-09-19).rar ကိုဖြည့်လိုက်ပါ Folder ထဲက Setup.exe
ကို Computer မှာ install လုပ်ထားပါ ။ install လုပ်ပြီရင်အောက်ပုံအတိုင်သွားပါ.။
Start ===> All programs ကိုသွားပါ.။
untitled.png
 QPST ===> QPST Configuration

untitlefd.png.
အောက်ကပုံအတိုင်ပေါ်လာရင် Ports ကို ထပ်သွားပါ။
untffitled.png.
ဒီနေရာမှာတော့ Phone ကို Driver သိဖို့လိုပါတယ် ။ Phone နဲ့ Computer ချိတ်ဖို့အတွက် အောက်ကအဆင့်
တိုင် ထပ်သွားပါ။
untxxitled.png.
အောက်ကပုံအတိုင်ရောက်ပြီဆိုရင်တော့ Show Serial and USB/QC Diagnostic ports only ကို
အမှန်ခြစ်လေးကို ဖြုတ်ပေးပါ။
uffntitled.png.
untsitled.png.
အောက်ကပုံအတိုင်ပေါ်လာပြီဆိုရင်တော့ Phone နဲ့ Computer နဲ့ ချိတ်သွားပါပြီ.။
untitdled.png
.ချိတ်သွားပြီဆိုရင် Start Clients ===> SOFTWARE DOWNLOAD ===>ကိုထပ်သွားပါ။
untitlffed.png.
 ဒီအဆင့်မှာက Phone နဲ့ QPST Tool နဲ့ ချိတ်ဖို့ လိုပါပြီ ။ QPST Tool နဲ့ ချိတ်ဖို့အတွက်
 untvvvitled.pngအပေါ်ကအဆင့်ပြီသွားရင်တော့  Phone နဲ့ QPST Tool နဲ့ ချိတ်ပြီပါပြီ ။ အရင်ဆုံး ကျွှန်တော်တို့
လိုချင်တဲ့ Firmware လေးကို Backup အရင်လုပ်လိုက်ရအောင် Backup လုပ်ဖို့အတွက် Backup
ဆိုတဲ့ နေရာကို သွားပါ.။

untfsitled.png.
 Browse ကနေသွားပါ File name ဆိုတဲ့ နေရာမှာ အဆင်ပြေမယ့် နာမည်ကိုပေးပါ
ဖြစ်နိုင်မယ်ဆိုရင်တော့ backup လုပ်မယ့် Phone Model နံပါတ်နဲ့ Version ကိုရေးတာ ပိုအဆင်ပြေပါတယ်
ဥပမာ ။။  N79-C (QTM15_1_SPANSION_v1.5) ဒီလိုလေးပေါ့။။
untffiddtled.png
Save မဲ့နေရာကိုရွေးပြီရင်တော့ Start ကို နိပ်လိုက်ပါ ။ .
untitldgfhed.pngudgffntitled.png.
Memory Backup Completed ဆိုပြီပြရင်တော့ Backup လုပ်တာ ပြီဆုံးသွားပါပြီ။
Firmware ပြန်ရေးဖို့ နည်းကိုတော့ အောက်မှာဆက်ကြည့်ပါ ။
အရင်ဆုံး Restore ကိုသွားပါ Browse ကနေ ပထမက backup လုပ်ထားတဲ့နေရာကို သွားပါ။
Save ထားတဲ့ Backup ဖိုင်လေးကို ရွေးပေးလိုက်ပါ။
untigfdgtled.png.
ရွေးပြီရင်တော့ Start ကို နိပ်လိုက်ပါ .။ Firmware စရေးနေပါပြီ။
ပြီသွားရင်တော့ Memory Restore Completed ဆိုပြီပြရင်တော့ Firmware ရေးလို့ ပြီပါပြီ..။။
untitledsfd.png
အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
အဆင်မပြေတာရှိရင်လဲ ပြောခဲ့နိုင်ပါတယ်။။။။

Root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း

Huawei (G510) (Y300) (C8813) တွေကို Unlock code မတောင်း Root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း

 
Huawei (G510) (Y300) (C8813) တွေကို Unlock code မတောင်း Root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း
သူငယ်ချင်းတစ်ယောက်ပေးလို့ စမ်းကြည့်တာတော်တော်အဆင်ပြေပါတယ်
အားလုံးပဲအဆင်ပြေအောင် ပြနှ်မျှဝေးပေးလိုက်ပါတယ်နော် သူငယ်ချင်းတို့ရေး..
ကျွှန်တော်စမ်းတာတော့ (G510) (Y300) (C8813) တွေမှာအဆင်ပြေပါတယ် တခြားဖုန်းတွေလဲ
အဆင်ပြေတယ်ဆိုရင် Comment လေးတော့ရေးခဲ့ပေးပါ အရင်ဆုံး လိုအပ်တဲ့ ဖိုင်ကိုအရင်ဒေါင်ပါ..။

                   >>>>>      download        <<<<<<                                

ဒေါင်ပီရင် ဒေါင်လို့ရလားတဲ့ ဖိုင်လေးကို internal storage ထဲက HWThemes ====>DiyTheme ဆိုတဲ့
Folder ထဲမှာထည့်ပေးလိုက်ပါ ပီရင်Application ထဲက Themes===>Elegance ဆိုတဲ့ Themes ကို
ရွေးပေးလိုက်ပါ .။ပီရင် Apply ကိုနိပ်လိုက်ပါ Theme with font နဲ့ Theme without font ဆိုပီပေါ်လာရင်
Theme with font ကိုရွေးပေးလိုက်ပါ Restart ကျပီပြန်တတ်လားရင်တော့ Keyboard လေးထည့်ပီ သုံးကြည့်
လိုက်တော့နော် မြန်မာ ဖောင့်လေး နဲ့လန်းလို့ရပါပီ။ :p
အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်.....

Thursday, May 9, 2013

Battery ဖြူတ်လဲနည်း

I Phone 3G,3Gs တို့ ကို Battery  ဖြူတ်လဲနည်း


 I Phone 3G,3Gs တို့ ကို ဘထ္တရီး ဖြူတ်လဲဖို့  အရင်ဆုံး ဒီပစ္စည်းတွေ လိုအပ်ပါတယ် ဒီပစ္စည်းတွေ
 ရှိမှ ဖြုတ်တဲ့နေရာမှာ ဘာမှ အခက်အခဲ မရှိမှာပါ


ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီဆိုရင် ဖုန်းရဲ့ အောက်ဖက်နာမှာ စကူသေသေလေး နှစ်လုံးရှိပါတယ်အရင်ဖြုတ်ထုတ်လိုက်ပါ ဒီပုံအတိုင်ပါ
ပြီပြီဆိုရင် LCD ခွာဖို့ အတွက် မှန်ခွာကပ်ခွာ ကိုဖုန်းရဲ့ မျက်နှာပြင် အောက်နာမှာဖိပြီခွာပါ မှန်ဟလာပြီဆိုရင် ကလော်တံ နဲ့ ဖြေဖြေခြင် မတင်ပါ


ပြီရင် မှန်ရဲ့ ဒေါင့်နာကနေ ကိုင်ပြီ မတင်လိုက်လို့ ရပါပြီ အရမ်မ မတင်ပါနဲ့ အထိပ်နာမှာ LCD ဆောကဒ်
ကြို ၃ချောင် ရှိပါတယ် ဒါကြောင့် အသာလေးဘဲ မထုတ်လိုက်ပါ
ပြီရင် LCD ဆောကဒ်ကြီုတွေ ဖြုတ်လိုက်ပါ ပြီရင် ပုံးမှာ ပြထားတဲ့ အတိုင် ဆောကဒ်ကြီုတွေ ဖြုတ်လိုက်ပါ

ပြီရင် ဖုန်းစာကဒ်ပြာ ကိုဖမ်ထားတဲ့ စကူတွေ ဖြုတ်ရမှာပါ အကုန်လုံး စကူ ၇လုံး ရှိပါတယ် ပုံးအတိုင်ပါ
ပန်ရောင် ပြထားတဲ့ နေရာက စကူတွေဘဲ ဖြုတ်ရမှာနော် ကျန်တဲ့ စကူတွေ မပါဘူ ပြီရင်စကဒ်ပြာခွာဖို့ အတွက် ကလော်တံကိုသုံးပြီ ပုံမှာ ပန်ရောင်ပြထားတဲ့နေရာကနေ မတင်ပေးလိုက်ပါ
ဒါဆို စာကဒ်ပြာ တစ်ခုလုံး ကျွတ်ထွက် လာမှာပါ


ပြီရင် ဘထ္တရီးကို ဖြုတ်ထုတ် ဖို့ အတွက် ပုံမှာ ပြထားတဲ့နေရာမှာ ပလစ်စတစ် အကြည်ရောင်ပြာကိုဆွဲပြီ မတင်လိုက်ပါ အနည်းငယ် ခွာရခက်ပါတယ် ကော်ကပ်ထားတဲ့ အတွက်ကြောင့်ပါ
ဘထ္တရီး ထွက်သွားပြီဆိုရင် ဘထ္တရီး အသစ်ကို ကော်ကပ်ထားတဲ့နေရာကို ခွာပြီ ပြန်တပ်ပေးပါ
ပြန်တပ်တဲ့ နေရာမှာ အငုတ်တိုင်ကို ပြထားတဲ့ အတိုင်မှန်အောင်ထည့်ပါ

ပြီရင် စာကဒ်ပြာ ကို ပြန်တပ်ပြီ စောစောကထုတ်ထားတဲ့ စကူတွေ ကို ပြန်တပ်ပေးပါ
ပြီရင်ဆောကဒ်ကြီုတွေ မှန်အောင်ပြန်တပ် ပါဆောကဒ်အကုန်လုံး၃နေရာ တပ်ရပါမယ် ပုံအတိုင်ပါ
ပြီရင် LCD ကိုပြန်တပ်ဖို့ စောစောက ဖြုတ်ထားတဲ့ LCD ဆောကဒ်ကြီုတွေ ကို နံပါတ် 3 လို့ ရေထားတဲ့ ကောင်ကို အရင်တပ်ပါ ပြီရင် 2 ကိုတပ် နောက်ဆုံမှ 1 ကိုတပ်ပါ
ပြီရင် ပြန်အုပ်လိုက်လို့ ရပါပြီ ကိုယ်တိုင်လဲထားတဲ့ ဘထ္တရီ လေးကို အောင်မြင်လာ မအောင်မြင်လာ သိခြင်ရင် ဖုန်းပါဝါကို ဖွင့်လိုက်ပါ ဘထ္တရီ လဲလဲခြင် အများအာဖြင် အားမရှိကြပါ အာသွင်းကြီုတပ်ပြီဖွင့်ကြည့်ပါ ဖုန်းပွင့်လာပြီဆိုရင် အာလုံးအိုကေ ပါပြီ ဆိုင်းမှာသွားလဲရင် 700ကနေ 1000 ထိယူပါတယ်