Translate

Tuesday, April 2, 2013

မော်ဟန်ဒေသတွင် GSM မိုဘိုင်းဖုန်းတပ်ဆင်ပေးရန် အစီအစဉ်မရှိသေး

Mobile News
မော်ဟန်ဒေသတွင် GSM မိုဘိုင်းဖုန်းတပ်ဆင်ပေးရန် အစီအစဉ်မရှိသေး
Sunday, 24 February 2013 23:36

မော်ဟန်ဒေသတွင် GSM မိုဘိုင်းတယ်လီဖုန်းတပ်ဆင်ပေးရန် အစီအစဉ်မရှိသေးကြောင်း ပထမအကြိမ် ပြည်သူ့လွတ်တော် ဆဌမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကျင်းပရာမှ သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နယ်၊ မော်ဟန်ကျေးရွာတွင် အိမ်ခြေ ၃၀၇ လုံးခန့်နှင့် လူဦးရေ ၂၅၅၂ ရှိကြောင်း ၂၈.၆.၂၀၀၉ မှ စတင်ကာ ဖွင့်လှစ်ပေးခဲ့သည့် လိုင်းအင်အား၂၆၀၀ ပါ မိုးညှင်း CDMA 450MHz မိုဘိုင်း ရေဒီယိုစခန်းမှနေ၍ CDMA 450MHz တယ်လီဖုန်းများကို အထိုင်ဖုန်း Fit Ter-minal နှင့် ပြင်ပအင်တာနာတို့ဖြင့် ဆက်သွယ်ပြောဆိုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ အဆိုပါကျေးရွာတွင် GSM မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ပေးရေးကို လတ်တလောအနေဖြင့် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မော်ဟန်ဒေသတွင် CDMA နှင့် GSM ဖုန်းများတပ်ဆင်ပေးရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းခြင်းနှင့်ပတ်သက်၍ ဒုတိယ၀န်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းများချထားပေးခြင်းကို ကုမ္ပဏီ ၄ ခုက ယှဉ်ပြိုင်ဆောင်ရွက်ခြင်းကို မကြာမီ အကောင်အထည်ဖော်တော့မည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ မကြာမီချထားပေးတော့မည့် မိုဘိုင်းဖုန်းများကို နယ်ဒေသများထက် ၀ယ်လိုအားများပြားမည့် အချက်အခြာမြို့ကြီးများတွင် ဦးစားပေး ချထားပေးမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်အထိ မိုဘိုင်းဖုန်းလိုင်း ချထားပေးပိုင်ခွင့်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အသွင်ပြောင်းလဲဖွဲ့စည်းထားသည့် Myanmar Public Telecom ကုမ္ပဏီနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့က အများဆုံး ချထားပေးခွင့်ရရှိမည်ဖြစ်သည်။ အခြား အော်ပရေတာနှစ်ခုအတွက် တင်ဒါခေါ်ယူထားကြောင်း သိရသည်။ အဆိုပါ အော်ပရေတာနှစ်ခုအနေဖြင့်လည်း တစ်နှစ်တာကာလအတွင်း မိုဘိုင်းဖုန်းလိုင်းတစ်သန်းကို ချထားခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment